Connect with us

Social

ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်

ရဲရွာ ဘီးလင်း 230 kVA ဓာတ်အားပေး တာဝါတိုင် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု နှင့် ပတ်သက်၍ ဓာတ်အား အမြန်ဆုံး ပြန်လည် ရရှိရေးအတွက် တာဝန်ရှိသူများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ သတင်း ထုတ်ပြန်သည်။

ဓာတ်အား ပြတ်တောက်မှုသည် 230 kv line system Break (လိုင်းစနစ် ပြတ်တောက်သွားခဲ့ခြင်း) ဖြစ်သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက် ထဲတွင် ထည့်သွင်းထားသည်။

၎င်း 230kv သာကေတ ဓာတ်အားပေး စက်ရုံတွင် ၁၉၇၄ ခုနှစ်မှ စတင် သုံးစွဲလာသည့် 230 kv busbar ဖြစ်ပြီး လက်ရှိ ဝန်အားသုံးစွဲမူ အခြေအနေအရ ဝန်အား မနိုင်တော့ပါသဖြင့် Bus bar အသစ် အကြီးဖြင့် လဲလှယ်ခြင်း လုပ်ငန်းအား (၂၆.၁၂.၂၀၁၅) ရက်နေ့ တွင် ( ၀၈ :၀၀ ) နာရီ မှ (၁၈:၀၀) နာရီအထိ ၊ (၂၇.၁၂.၂၀၁၅ ) ရက်နေ့ တွင် (၀၆:၀၀) နာရီမှ (၁၈:၀၀) နာရီအထိ ခေတ္တ ဓာတ်အား ပိတ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆း၁၀ နာရီအချိန် ကလည်း System Break ဖြစ်ခဲ့သည့် အတွက် တစ်နိုင်ငံလုံး နေရာ အနှံ့အပြားတွင် ဓါတ်အား ပြတ်တောက်ရသေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.