Social
မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်း ၂၅ မျိုးအား ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးဌာနမှ နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်း အမျိုးအစား ၂၅ မျိုးအား ထုတ်ပြန်ခဲ့ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ သတင်း ထုတ်ပြန်သည်။
၎င်းလုပ်ငန်း ၂၅ မျိုးမှာ ရေလုပ်သား လုပ်ငန်း၊ ရေထွက်ပစ္စည်းနှင့် ပတ်သက်သည့် လုပ်ငန်း၊
စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်း၊
သားသတ် လုပ်ငန်း၊ Recycle လုပ်ငန်း ၊ ကျောက်ထုတ်လုပ်သော လုပ်ငန်း၊ သတ္တုထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း ၊ ကျောက်နှင့် ပတ်သက်သည့်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ဆောက်လုပ်ရေး ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ကျောက်ဆစ် လုပ်ငန်း၊ အဝတ်အစားထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ ပလတ်စတစ် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ စက္ကူထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ ရေကြောင်း ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်း၊ လက်လီ၊ လက်ကား ဈေးရောင်းဝယ်ခြင်း လုပ်ငန်း၊ ကားရေဆေးနှင့် ပြုပြင်ရေးလုပ်ငန်း၊ ဆီဆိုင်နှင့် ဓါတ်ငွေ့ဆိုင်လုပ်ငန်း ၊ ပညာရေး၊ လူမှုရေး၊ ဆေးရုံဆေးပေးခန်းဌာန လုပ်ငန်း ၊ အခြား အထွေထွေ ဝန်ဆောင်မှု လုပ်ငန်းများ (အလုပ်သမား ပုတ်ပြတ်လုပ်ငန်းများ မပါ)၊ ငါးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းနှင့် အိမ်အကူ လုပ်ငန်းတို့ ဖြစ်ကြသည်။ (Xinhua)