Connect with us

Social

ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံအဆင့် ၁၁၃ ရရှိ

ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်ပြ ဇယားအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဆိပ်ကမ်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အဆင့်တွင် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်မှာ အဆင့် (၁၁၃) ဆင့် ရရှိခဲ့ကြောင်း ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော Logistics Performance Index အရ သိရသည်။

ကမ္ဘာ့ဘဏ်၏ LPI စစ်တမ်းတွင် နိုင်ငံပေါင်း ၁၆ဝ ပါဝင်ကာ စစ်တမ်းကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် စာရင်းတွင် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အဆင့် (၃၂) ဆင့် တက်လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အဆင့် (၁၄၅) တွင် ရပ်တည်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် အဆင့် (၁၁၃) ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

အာဆီယံနိုင်ငံများ အနက် စင်ကာပူနိုင်ငံ က ကမ္ဘာ့အဆင့် (၅) ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မလေးရှားက အဆင့် (၃၂) ၊ ထိုင်းက အဆင့် (၄၅)၊ အင်ဒိုနီးရှားက အဆင့် (၆၃)၊ ဗီယက်နမ်က အဆင့် (၆၄) ၊ ဘရူနိုင်းက အဆင့် (၇ဝ) ၊ ဖိလစ်ပိုင်က အဆင့် (၇၁)၊ ကမ္ဘောဒီးယားက အဆင့် (၇၃)၊ လာအိုက အဆင့်(၁၅၂) တို့ဖြင့် ရပ်တည်လျက် ရှိသည်။

မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ် LPI စစ်တမ်းတွင် ရမှတ် ၂.၄၆ မှတ်ဖြင့် အဆင့် (၁၁၃) ရရှိခဲ့သည်။
အဆိုပါစစ်တမ်းတွင် ထိပ်ဆုံး ၁ဝ နိုင်ငံအတွင်း ပါဝင်သော နိုင်ငံများမှာ ဂျာမနီ၊ လူဇင်ဘတ်၊ ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဗြိတိန်၊ ဟောင်ကောင် (တရုတ်) နှင့် အမေရိကန်တို့ ဖြစ်ပြီး အဆင့်အနိမ့်ဆုံး သုံးနိုင်ငံမှာ ဆီးရီးယား၊ ဟေတီနှင့် ဆိုမာလီယာတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် သင်္ဘောလိုင်းများ အတင်အချ လျင်မြန်စေရေး အတွက် မြန်မာ့ အကောက်ခွန် အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System-MACCS) နှင့် မြန်မာ့ အကောက်ခွန် ခေတ်မီ နည်းစနစ်ဖြင့် ကောက်ခံမှုစနစ် (Myanmar Customs Intelligence System -MCIS) တို့ကို ဆောင်ရွက်နေပြီး စနစ်တစ်ခုလုံး စတင်လည်ပတ် နိုင်ရေး စမ်းသပ်ခြင်းကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလ အတွင်း ဆောင်ရွက်ရန် စီစဉ်ထားကာ နိုဝင်ဘာလတွင် ရာနှုန်းပြည့် လည်ပတ်နိုင်မည် ဖြစ်ကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.