Connect with us

Social

ရန်ကုန် ယူနန်အသင်း၌ တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွင် ရန်ကုန် ယူနန်အသင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ယူနန်အသင်းသည် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ကျင်းပသော်လည်း ယခုကျင်းပသည့် နှစ်သစ်ကူးပွဲတော်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-တရုတ်မျိုးနွယ် ဘုံကျောင်း ၁၅၀ကျော် စုပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ရန်ကုန် ယူနန်အသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌက ပြောသည်။

တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပစဉ်(ဆင်ဟွာ)

ယင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခုနှစ် မြန်မာနိုင်ငံတွင် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် အထိမ်းအမှတ်ပွဲအစီအစဉ်များ အလွန်စည်ကားရှိခြင်းကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးသည် အဆက်မပြတ်တိုးတက်နေပြီး နှစ်နိုင်ငံ အလွှာအသီးသီးကူးလူးဆက်ဆံရေးသည် တစ်နေ့ထက် တစ်နေ့ နက်ရှိုင်းလာကာ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ အဆက်မပြတ်တိုးမြင့်လာကြောင်း ဆိုသည်။

တရုတ်-မြန်မာချစ်ကြည်ရေးအား လက်ဆင့်ကမ်းပြန့်ပွားစေသူအဖြစ် ဆက်လက်ဆောင်ရွက်၍ The Belt and Road ကိုအတူတကွတည်ဆောက်ရေးနှင့် တရုတ်-မြန်မာစီးပွားရေးစြင်္က ံတည်ဆောက်သူအဖြစ် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေး တည်ငြိမ်စွာ အဆက်မပြတ်တိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရင်း တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးစီးပွားများ ပိုမိုဆောင်ကြဉ်းပေးရန်လည်း မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နိုင်ငံရေး ပါတီ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် မြန်မာနိုင်ငံ ရှိ အသင်းအဖွဲ့များ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ရန်ကုန်မြို့ရှိ ဘုံကျောင်းများမှ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များက တက်ရောက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.