Connect with us

Social

ကော့သောင်းမြို့၌ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပရန် ဆောင်ရွက်ထား

ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ် ၂၄ ရက် မှ ၂၅ ရက် အထိ ပြုလုပ် သွားရန် လျာထား ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပွဲတော် ကာလအတွင်း ခရီးသွား လုပ်ငန်းနှင့် ဆက်စပ် သည့် ပြခန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များနှင့် သက်ဆိုင်သည့် ပြခန်းများကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်း အဖွဲ့များက ပြသ သွားမည် ဖြစ်သည့် အပြင် ဆွေးနွေးပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ၊ ရိုးရာယဉ်ကျေးမှု အကအလှများကိုပါ ထည့်သွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလားအလာကောင်းများ ရှိသည့် တိုင်းဒေသကြီး ဖြစ်ပြီး တနင်္သာရီ ဒေသသို့ ခရီးသည် ဝင်ရောက်မှုမှာ နှစ်စဉ် တိုးတက် များပြားလျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.