Connect with us

Social

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်များ ရောင်းချပေးမည်

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ်ထုတ်ဝေမည့် တံဆိပ်ခေါင်းတစ်မျိုးအားတွေ့စဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း အသစ် (၃)မျိုးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နှင့် ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်များအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တို့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတို့တွင် ရောင်းချပေး သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ထိုနေ့များတွင် ဝယ်ယူသော အထူးထုတ်စာပို့ တံဆိပ်ခေါင်းများအား နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ် ကြောင်းသိရသည်။ (Xinhua)