Connect with us

Social

နှစ်သစ်ကူးရုံးပိတ်ရက် များအတွက် အထူးရထားတွဲဆိုင်းများ ပြေးဆွဲပေးမည်

အမြန်ရထားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရုံးပိတ်ရက် လေးရက်ဖြစ်သော နှစ်ကူးကာလအတွင်း နေရပ်ဒေသအသီးသီး သို့ ပြန်ကြမည့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန်နှင့် ရန်ကုန်-မန္တလေးခရီးစဉ်များအတွက် အထူး ရထားတွဲဆိုင်းများကို ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် နေပြည်တော်-ရန်ကုန် အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေး မည်ဖြစ်ပြီး နေပြည် တော်ဘူတာမှ ည ၉ နာရီ ခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ ရန်ကုန် ဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၇ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။

ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်-မန္တလေး အထူးရထားတွဲဆိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် မန္တလေး-ရန်ကုန် အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေးမည် ဖြစ်သည်။

အဆိုပါရထား တွဲဆိုင်းမှာ မန္တလေး ဘူတာမှ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ် ကြောင်းသိရသည်။ ရန်ကုန်-မန္တလေးအထူး ရထားများအတွက် အမှတ်(၃/၄)အမြန်ရထား ရပ်တန့်သည့်ဘူတာများ၌ ရပ်တန့်ပေးမည် ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်-နေပြည်တော် အထူးရထားတွဲဆိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီးရန်ကုန်ဘူတာကြီးမှ ည ၉နာရီခွဲတွင်ထွက်ခွာ ပေးမည်ဖြစ်ကာ နေပြည်တော်ဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိ မည်ဖြစ်သည်။ အထူးရထားများအတွက် ရထားလက်မှတ်များကို ရန်ကုန်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှ စတင်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.