Social
ဟားခါးမြို့အလှနှင့် ရှု့ခင်းများအား ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများပြားအောင် ဆောင်ရွက်ရန် ဒုတိယ သမ္မတဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ဟားခါးမြို့အလှနှင့် ရှု့ခင်းများအား ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများပြားအောင် ဆောင်ရွက်ရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်း ပြောကြားသည်။
ဟားခါးမြို့ရှုခင်းသာသို့ လာရောက်ကြသူများ လေ့လာနိုင်ရန် ချင်းရိုးရာတူရိယာများ ပြသထားမှု၊ အပန်းဖြေ နားနေနိုင်ရန် ထိုင်ခုံများနှင့် အားကစားပစ္စည်းများ ထားရှိမှု၊ View Point မှ မြင်တွေ့ နိုင်သည့် ဟားခါးမြို့အလှ မြင်ကွင်းများနှင့် ရှုခင်းသာ မျှော်စင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်အတူ ဟားခါးမြို့သို့ရောက်ရှိပြီး ဟားခါးမြို့ပညာရေး ကောလိပ်တည်ဆောက်နေမှု၊ မြို့ကွက်သစ်နေရာချထားမှုနှင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် ဟားခါးမြို့ ရုန်းတောင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)