Connect with us

Social

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော လူကုန်ကူးခံရသူ မြန်မာ နိုင်ငံသားရေလုပ်သား ၁၄ ဦး ပြန်လည် ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော လူကုန်ကူးခံရသူ မြန်မာ နိုင်ငံသား ရေလုပ်သားများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ ဘယ်လာဝမ်၌ ရောက်ရှိနေသည့် လူကုန်ကူး ခံရသူ မြန်မာ နိုင်ငံသားရေလုပ်သား ၁၄ ဦးသည် ထိုင်း လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မြန်မာရေလုပ်သားများသည် အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ အကူအညီဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ မြန်မာနိုင်ငံသား အဖြစ် အတည်ပြုချက် ရယူ၍ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး တနင်္သာရီ၊ ပဲခူး တိုင်းဒေသကြီး တို့နှင့် မွန်၊ ကရင် ပြည်နယ်တို့မှ ပါဝင်သည်။
ယင်း ပြန်လည် ရောက်ရှိလာသော သူများကို မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း ဘုရားလမ်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းတွင် သက်ဆိုင်ရာက ခေတ္တနေရာ ချပေးထားကာ IOM အနေဖြင့် ၎င်းတို့ကို သက်ဆိုင်ရာ နေရပ် အသီးသီးသို့ ပြန်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ် ပေးနေသည်။
အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ရေလုပ်သားများကို အဆိုပါ နိုင်ငံရှိ မြန်မာသံ ရုံးနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက် ရှိရာ ဇန်နဝါရီလ မှ ယနေ့အထိ ၁၅၅ ဦး နေရပ်အသီးသီးသို့ ပြန်လည်ရောက် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် တွင်လည်း ၁,၀၁၀ ဦး တို့ကို ပို့ဆောင်ပေးနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.