Connect with us

Social

ကျူးကျော် နေထိုင်သူများ စာရင်း စနစ်တကျ ကောက်ယူ ဖြေရှင်းမည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆို

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဇုန်များ (ရန်ကုန်) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီးတွင် ကျူးကျော် ပြဿနာ ဖြေရှင်းရာ၌ ကျူးကျော် နေထိုင်သူများ စာရင်း စနစ်တကျ ကောက်ယူ ဖြေရှင်းမည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဇုန်များ (ရန်ကုန်) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနား၌ ပြောကြား ခဲ့သည်။

ဘဝ တိုးတက်ရေး အတွက် အမှန်တကယ် ကြိုးစားလိုပြီး နေစရာမရှိ အောင်ပင် ဆင်းရဲခြင်းကြောင့် ကျူးကျော် နေထိုင်သူများ၏ ပြဿနာကို ဖြေရှင်းပေးရန် အစိုးရအဖွဲ့၌ တာဝန် ရှိကြောင်း ၎င်းကဆိုသည်။
အချို့ ကျူးကျော်မြေများတွင် နေထိုင်နေရသူများ၏ အခြေအနေသည် အခွင့်အရေး ယူပြီး လုပ်စားသူများနှင့် မြေပိုင်ရှင်များကြား၌ ညပ်နေသည့်အခြေအနေမျိုး ဖြစ်နေကြောင်း၊ ကျူးကျော် ပြဿနာများကို ဖြေရှင်းရာတွင် ဥပဒေ စိုးမိုးရေးကို ဦးစားပေး လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်၏ ဧက ၁,၄၀၀ အဝန်းအဝိုင်း အတွင်း လမ်းအရှည် ၃၆ မိုင်တွင် ကျူးကျော် နေအိမ်ပေါင်း ၈,၀၀၀ ကျော် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.