Connect with us

Social

မန္တလေးကျုံး တောင်ဘက်ခြမ်း၌ ပြည်သူများ အပန်းဖြေနိုင်ရန် အခမဲ့ဥယျာဉ် တစ်ခု တည်ဆောက်မည်

မန္တလေးကျုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မန္တလေး မြို့လယ် ဖြစ်သော ကျုံးမြို့ရိုး တောင်ဘက်ခြမ်း မြို့ရိုးနှင့် ကျုံးအကြားတွင် အများပြည်သူ အနားယူ အပန်းဖြေနိုင် စေရန်အတွက် အခမဲ့ ဥယျာဉ် တစ်ခု တည်ဆောက်ရန် စီစဉ် ဆောင်ရွက်နေကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောကြားသည်။

နန်းမြို့ရိုး၊ ကျုံးအလှနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်စေဘဲ ပြည်သူတွေ အပန်းဖြေနိုင်ရန်နှင့် အားကစား လေ့ကျင့် ရန်အတွက် တည်ဆောက်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ရက် ၁ဝဝ စီမံချက် ထဲမှာ ပါဝင်ပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်ထဲတွင် အပင်ကြီးများ ရွှေ့ပြောင်း စိုက်ပျိုးခြင်း၊ အလှမြက်ခင်းများ စိုက်ပျိုးခြင်းဖြင့် အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥယျာဉ်ထဲတွင် မိုးလွတ် ရေလွတ် အပန်းဖြေနိုင်မည့် အဆောက်အအုံများ ပါဝင်မည် ဖြစ်ပြီး သစ်ပင်၊ ပန်းပင်များ လှူဒါန်းမည့် သူများလည်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117