Connect with us

Social

စက်သုံးဆီလုပ်ငန်း ဆောင်ရွက်ကြသူတိုင်း မီးဘေး အန္တရာယ် ကင်းရှင်းရေး နှင့် မတော်တဆမှုများ မဖြစ်ပေါ်စေရေး သတ်မှတ် စည်းကမ်းများ အတိုင်း အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်

ပုဂ္ဂလိကပိုင် ဆီဆိုင် တစ်ခုတွင် စက်သုံးဆီ ဖြည့်နေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ပူပြင်း ခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မိမိကြောင့် အခြားပြည်သူလူထု၏အသက် အိုးအိမ် စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် စက်သုံးဆီလုပ်ငန်းဆောင်ရွက်ကြသူတိုင်း မီးဘေး အန္တရာယ် ကင်းရှင်းရေး နှင့် မတော်တဆမှုများမဖြစ်ပေါ်စေရေး သတ်မှတ်စည်းကမ်းများအတိုင်း အထူးဂရုပြု လိုက်နာ ဆောင်ရွက် ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ အသိပေး နှိုးဆော်ချက် ထုတ်ပြန် ကြေညာခဲ့သည်။

သက်ဆိုင်ရာလုပ်ငန်းပိုင်ရှင် တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သလို စစ်ဆေး ကြပ်မတ် ဆောင်ရွက် ကြရန်လည်း အသိပေးနှိုးဆော်ကြေညာခဲ့သည်။ပုဂ္ဂလိကစက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူအချို့တို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် ပေါ့ဆမှု၊ စည်းကမ်းမလိုက်နာမှု၊ တားမြစ်ထားသည့်ပစ္စည်းများသုံးစွဲမှု၊ မဆင် မခြင်မောင်းနှင်မှု စသည်တို့ကြောင့် စက်သုံးဆီဆိုင်မီးလောင်မှု၊ ဆီတင်ဆီချစဉ် မီးလောင်မှု၊ ဆီသယ်ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု၊ မီးလောင်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည်ကို မြင်တွေ့နေရကြောင်း အသိပေး နှိုးဆော်ချက်တွင် ဖော်ပြထားသည်။(Xinhua)