Connect with us

Social

သက်သေခံ ကတ်ပြား တစ်ခုခုဖြင့် အများဆုံး SIM Card နှစ်ခုသာ ဝယ်ယူစေရေး ဧပြီ ၁ ရက်မှ စတင်ကာ ဆောင်ရွက် သွားမည်

မိုဘိုင်းဖုန်း သုံးစွဲမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

သက်သေခံ ကတ်ပြား တစ်ခုခုဖြင့် အများဆုံး SIM Card နှစ်ခုသာ ဝယ်ယူစေရေး ဧပြီ ၁ ရက်မှ စတင်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဧပြီ ၁ ရက်နောက်ပိုင်း SIM Card ဝယ်ယူမှတ်ပုံတင်မှုများနှင့်စပ်လျဉ်း၍ SIM Card နှစ်ခုထက် ပိုပြီး မှတ်ပုံတင် ထားရှိမှုများရှိပါက ပိုမိုမှတ်ပုံတင်ထားသည့် SIM Card အသစ်များအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှု အရ သိရသည်။

SIM Card များ မှတ်ပုံတင်ခြင်း ပြုလုပ်ရန် အတွက် လိုအပ်သည့်အချက်များ မှာ (၁) အမည် (၂) နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ် (သို့) ကျောင်းသားကတ် ၊ ယာဉ်မောင်းလိုင်စင်ကတ် ၊ Passport No. (နိုင်ငံခြား သားများ အတွက်သာ) (၃) အမှတ်စဉ်(၂)ပါ ကတ်ပြားမူရင်းနှင့် မိတ္တူ (၄)အဘအမည် (၅)မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) (၆) လူမျိုး/နိုင်ငံသား၊ (၇)ကျား/မ၊ (၈) နေရပ်လိပ်စာ တို့ဖြစ်ပြီး အမှတ်စဉ်(၂)ပါ ကတ်ပြား တစ်ခုခုဖြင့် အများဆုံး SIM Card နှစ်ခုသာ ဝယ်ယူစေရေး ဧပြီ ၁ ရက်နေ့မှစတင်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သုံးစွဲသူ ပြည်သူများအနေဖြင့် SIM Card များစနစ်တကျမှတ်ပုံတင်နိုင်ရေး နှင့်စပ်လျဉ်း၍ ပူးပေါင်း ပါဝင် ပေးကြရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

ယခုအခါတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်၍ အခြားသူများကို တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိခြင်း၊ မိမိတို့၏အမည်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူသုံးစွဲနေခြင်းသည် နိုင်ငံတော်အစိုးရက မိုဘိုင်း ဖုန်းအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာ အကွယ်ပေးရန် ဆောင်ရွက် ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SIM Card များ စနစ်တကျ မှတ်ပုံတင်ရေး ဆောင်ရွက်ရာတွင် သုံးစွဲသူများ အနေဖြင့် မိမိတို့၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှန်ဖြင့်သာ သုံးစွဲရေး ၊ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် အခြားသူများ မသုံးစွဲစေနိုင်ရေးတို့သည် အရေးကြီးကြောင်း ၊ အခြားသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် သုံးစွဲ နေပါကလည်း မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှန်ဖြင့် မှတ်ပုံတင်နိုင်ရေး အတွက် သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ၊ မိမိတို့လက်ရှိ သုံးစွဲလျက်ရှိသော SIM Card များကို နိုင်ငံသားစိစစ်ရေးကတ်ပြားအမှန်ဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန သည် မိုဘိုင်းဖုန်း ကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါ ကိစ္စရပ်များအား လုံခြုံစိတ်ချမှု ရှိစွာ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာ အကွယ် ပေးနိုင်ရန် ၊ SIM Card ပျက်စီးပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည် ရရှိ သုံးစွဲနိုင်ရန် တို့အတွက် SIM Card များကို စနစ်တကျ မှတ်ပုံတင်၍ သုံးစွဲရန် အများပြည်သူသို့ ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ရန် အသိပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.