Social
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါး ၂ မျိုးတွင် အနောက်တိုင်း ဆေး ရောနှော ထားကြောင်း စိစစ်တွေ့ရှိ
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)
ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော တိုင်းရင်းဆေးဝါး ၂ မျိုးတွင် အနောက်တိုင်းဆေး ရောနှော ထားကြောင်း စိစစ် တွေ့ရှိရသဖြင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်းနှင့် သတိပြု ဝယ်ယူသုံးစွဲနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ခဲ့သည်။
ထိုတိုင်းရင်းဆေးဝါး ၂ မျိုးတွင် အသားချော အရေပြား လိမ်းဆေး အတွက် ထုတ်လုပ်ထားသည့် တိုင်းရင်းဆေးဝါးတွင် အနောက်တိုင်းဆေး Salicylic acid ရောနှောထားပြီး ၊ အဆစ်အမျက်ရောင် ရောဂါ သောက်ဆေးတွင် Paracetamol အနောက်တိုင်းဆေး ရောနှောထားကြောင်း စိစစ် တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ တိုင်းရင်း ဆေးဝါးများအား အနောက်တိုင်းဆေး ရောနှောကြောင်း စိစစ်တွေ့ရှိရသဖြင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ခြင်း ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များအရ တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်း တိုးခြင်းအား ခွင့်မပြုကြောင်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းခြင်းအား ဆက်လက် ဆောင်ရွက်မည်ဖြစ်၍ ဝယ်ယူသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးနှိုးဆော်ခဲ့သည်။(Xinhua)