Connect with us

Social

တစ်လတာ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ကျပ်သန်းပေါင်း ၃၀၀၀ ကျော်အား သိမ်းဆည်း ရမိ

ဒီဇင်ဘာလတွင် မရမ်းချောင် စစ်ဆေးရေး စခန်း၌ သိမ်းဆည်း ရမိခဲ့သည့် တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများအား တွေ့ ရစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး အရေးယူလျက် ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ တစ်လတာ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ကျပ်သန်းပေါင်း ၃၀၀၀ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်း များ၊ အထူးကင်း၊ ရေပူ စစ်ဆေးရေး စခန်း နှင့် အကောက်ခွန် နယ်မြေဒေသ အသီးသီးတို့တွင် စုစုပေါင်း တားဆီးမှု ၃၆၆ မှု မှ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၇၅ ဒသမ ၁၂၈ သန်းခန့်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထိုသို့သိမ်းဆည်းရမိခဲ့ရာတွင် ထူးခြား သိမ်းဆည်းမှု အနေဖြင့် ဒီဇင်ဘာ ၂၇ ရက်တွင် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေး စခန်း၏ ရှောင်ကွင်းလမ်းတွင် Fuso ၁၂ လမ်းယာဉ် တစ်စီးအား အကောက်ခွန် စစ်ဆေးရေး အဖွဲ့က လိုက်လံ တားဆီး စစ်ဆေးခဲ့ရာ မိုင်တိုင် အမှတ် ၁၇ မိုင် ၁ ဖာလုံခန့်ရှိ အိုးတစ်လုံးကွေ့အနီးတွင် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ဟိုက်ဒရို ကလိုရစ် အက်စစ် ထည့်သွင်း ထားသော လီတာ ၂၀၀ ဆံ့ ပလတ်စတစ် ပီပါ ၅၁ လုံး နှင့် ပစ္စည်း သယ်ဆောင်သည့် ယာဉ်အပါအဝင် စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၆၅ သန်းခန့်ကို သိမ်းဆည်း ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.