Connect with us

Social

မြန်မာနိုင်ငံသို့ ဒီဇင်ဘာလအတွင်း ကမ္ဘာလှည့်ခရီးသွား ၈၃,၁၄၁ ဦး ဝင်ရောက်ခဲ့

ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်နေသော နိုင်ငံခြားသားများအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၈၃,၁၄၁ ဦး ဝင်ရောက်ခဲ့ကြောင်း ပြန်ကြးရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်၊ ထွက်ပေါက်များမှ ပြည်ဝင်ဗီဇာ (ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ(လုပ်ငန်း)တို့ဖြင့် ဝင်ရောက်လျက်ရှိရာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ဝင်ရောက်မှုသည် ကမ္ဘာလှည့် ၆၃,၅၂၂ ဦး၊ လုပ်ငန်းဖြင့် ၁၉,၆၁၉ ဦး စုစုပေါင်း ၈၃,၁၄၁ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။၂ဝ၁၆ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကမ္ဘာလှည့်ဗီဇာဖြင့် ၃၆၁,ဝ၈၂ ဦး၊ လုပ်ငန်းဗီဇာဖြင့် ၁၇၇,ဝ၉၉ ဦးသာရှိခဲ့သော်လည်း အလားတူ ၂ဝ၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကမ္ဘာလှည့်ဗီဇာဖြင့် ၃၆၁,၉၁၇ ဦးနှင့် လုပ်ငန်းဗီဇာဖြင့် ၁၇၉,၆၉၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)