Connect with us

Social

နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပါဝင် ပြသမည့် စက်မှုပြပွဲ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်

မြန်မာနိုင်ငံ ဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ပုံနှိပ်ခြင်းနှင့် ကုန်ထုတ်ပိုးမှုဆိုင်ရာ စက်မှုပြပွဲ ကြေညာထားမှုအား တွေ့ရစဉ် (ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပါဝင်၍ မြန်မာနိုင်ငံ ဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ ပုံနှိပ်ခြင်းနှင့် ကုန်ထုတ်ပိုးမှု ဆိုင်ရာ စက်မှုပြပွဲ နှင့် ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေး၊ နည်းပညာနှင့် စားသောက်ကုန် ဆိုင်ရာ စက်ပစ္စည်းပြပွဲ အား ဇူလိုင်လ ၁၅ ရက်မှ ၁၈ ရက် အထိ ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ သိရသည်။

ထိုပြပွဲတွင် အဆင့်အတန်း မြင့်မားသော စက်မှုလုပ်ငန်းသုံး စက်ကိရိယာများနှင့် သတ်မှတ်ထားသော ကဏ္ဍ (၅) ခု ဆိုင်ရာ နည်းပညာ အမျိုးမျိုးကို တရုတ် ၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျာမဏီ ၊ အိန္ဒိယ ၊ အီတလီ ၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ထိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန်နှင့် ဗီယက်နမ်စသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံမှ လုပ်ငန်းပေါင်း (၂၅၀) ကျော် စုစည်း ပြသကြမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် စက်ကိရိယာ အမျိုးမျိုးအား နမူနာ မောင်းနှင်ပြခြင်းကို ခံစား တွေ့မြင်နိုင်မည့် အပြင် လိုအပ်သည့် စက်ကိရိယာများကို အတိအကျ ပေးနိုင်သည့် ကုမ္ပဏီများကို ရှာတွေ့နိုင်သည့် အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.