Connect with us

Social

၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၌ အရေးပေါ် လူနာတင်ယာဉ် စနစ် အသုံးပြု နိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်

ရန်ကုန်-မန္တလေး အမြန်လမ်း အားပြုပြင်နေမှုအား တွေ့ရစဉ် ( ဓာတ်ပုံ-Yangon-Mandalay Expressway)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၌ အရေးပေါ် လူနာတင်ယာဉ် စနစ် အသုံးပြု နိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ပါက လူနာတင်ယာဉ် အစီးရေ ၃,ဝဝဝ ကျော် လိုအပ်မည် ဖြစ်ပြီး ယခုနှစ်အတွင်း ရန်ကုန် – မန္တလေး အမြန် လမ်းမကြီး တစ်လျှောက် အနီးဆုံး ၅ မိုင်မှ ၁၅ မိုင် အတွင်းရှိ မြို့များ၌ စတင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးများ အတွင်းရှိ မြို့နယ်များသို့ အရေးပေါ် လူနာတင် ယာဉ်များ ရောက်ရှိ နိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ မြို့နယ် အနှံ့အပြားသို့ ရောက်ရှိစေရန် လုပ်ဆောင် သွားမည် ဖြစ်သည်။

လက်ရှိတွင် အမြန် လမ်းမကြီး၌ အသုံးပြု နိုင်ရန် အသက်ရှူစက် နှင့် နှလုံးနှိုးစက်များ ပါဝင်သည့် အဆင့်မြင့် လူနာတင်ယာဉ် အစီး ၃ဝ နှင့် ဆေးဝါး ကိရိယာများ ပါဝင်သည့် အခြေခံလူနာ တင်ယာဉ် အစီး ၁၆ဝ စုစုပေါင်း အစီး ၁၉ဝ ကို ဝယ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ် စတင်ပါက ပြည်သူများ အနေဖြင့် ကျန်းမာရေး အရေးပေါ် အခြေအနေ များတွင် ဖုန်းနံပါတ် ၁၉၂ ကိုဆက်၍ လူနာတင်ယာဉ် ခေါ်ဆိုနိုင်မည် ဖြစ်ပြီး Call Center မှတစ်ဆင့် တာဝန်ရှိ သူများက မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကြက်ခြေနီ အသင်းနှင့် လူမှုရေးအသင်းများ အပါအဝင် လူနာနေထိုင်သည့် နေရာနှင့် အနီးဆုံး ဆေးရုံမှ လူနာတင် ယာဉ်များကို ချိတ်ဆက်၍ စေလွှတ်ပေး သွားမည်ဖြစ်သည်။

အရေးပေါ် လူနာတင်ယာဉ် စနစ် ပေါ်ပေါက်လာရေး အတွက် ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်၌ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယင်းစနစ်အား အကောင် အထည်ဖော် ဆောင်ရွက်ရန် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.