Connect with us

Social

ပန်းဆိုးတန်း ဆိပ်ခံတံတား သြဂုတ်လတွင် ဖွင့်လှစ်နိုင်မည်မှန်း

လက်ရှိ အသုံးပြုနေသော ပန်းဆိုးတန်းဆိပ်ခံတံတား အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ပန်းဆိုးတန်း ဆိပ်ခံတံတားသည် ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သည့်အတွက် ဩဂုတ်လ အတွင်း ဖွင့်လှစ်နိုင်လိမ့် မည်ဟု မျှော်လင့်ရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ဩဂုတ် လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်လိမ့်မည် ဖြစ်ကြောင်းဆိုသည်။ ယင်းပန်းဆိုးတန်း ဆိပ်ခံတံတားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက New Downtown Development Public limited က တာဝန်ယူတည် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတည် ဆောက်ရေး လုပ်ငန်းခွင်တွင် အလျားပေ ၂၀၀×အနံ ပေ ၁၀၀ ရှိ အာစီတစ်ထပ် ခွဲ ခရီးသည်နားနေဆောင် (Ferry terminal Building) တစ်လုံး၊ အလျားပေ ၆၀×အနံ ပေ ၃၀ ရှိ တစ်ထပ်ခွဲ ရုံးအဆောက် အအုံတစ်လုံး၊ မြစ်ကမ်း ဘက်အခြမ်းတွင် ဗောနှင့်တွဲလျက် အတက်အဆင်း အလျားမီတာ၅၀×အနံ ၈ မီတာရှိ ဆိပ်ခံ ဗောတံတားနှစ်စင်း၊ သံမဏိ ပေါင်းကူးတံတား နှစ်ခု ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဆိပ်ခံတံတား ပြီးစီးသွား ပါက လက်ရှိအသုံးပြုနေသော ပန်းဆိုးတန်း ဆိပ်ခံတံတားကို အသုံးမပြုတော့ဘဲ ဒလ-ပန်းဆိုးတန်း ပြေးဆွဲနေသော ချယ်ရီသင်္ဘောများသည် ဆိပ်ခံတံတား အသစ်မှ ဆိုက်ကပ် ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.