Connect with us

Social

၂၀၁၈ ခုနှစ်အား မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ရန်ဆောင်ရွက်

ရန်ကုန်မြို့အတွင်း ကမ္ဘာလှည့် ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ်ကို မြန်မာ့ ခရီးသွားနှစ် (Visit Myanmar Year) အဖြစ် သတ်မှတ်ရန် အကောင်အထည်ဖော် စီစဉ်နေပြီး ခရီးသွားပြပွဲများတွင် နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှုများ ထည့်သွင်း ဖော်ပြလာခြင်းနှင့်အတူ ခရီးသွား ဝန်ဆောင်မှုများ တိုးချဲ့လုပ်ကိုင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ခရီးသွားနှစ် မတိုင်မီ မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် နိုင်ရန် ဟိုတယ် အခန်းခများနှင့် ခရီးစရိတ်များကို အိမ်နီးချင်း နိုင်ငံများထက် လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ လေကြောင်းလိုင်း လက်မှတ်ခ ဈေးကြီးခြင်း တို့ကိုလည်း ပြန်လည် သုံးသပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ လောင်စာဆီ ဈေးနှုန်း ကျဆင်းနေခြင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အခွင့်အရေး တစ်ရပ်ဖြစ်လာ နိုင်ပြီး သယ်ယူ ပို့ဆောင်ရေး စရိတ် လျှော့ချ နိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်း အတွက် ထိရောက်သော အကျိုး ကျေးဇူးများ ရရှိလာမည် ဖြစ်ကြောင်း ကမ္ဘာ့ခရီးသွား အဖွဲ့ချုပ် မှ သုံးသပ်ထားသည်။ ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ငါးသန်းခွဲခန့် ဝင်ရောက်ရန် ခန့်မှန်းထားပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည် သန်း ၂ဝ ကျော် ဝင်ရောက်ရန် မျှော်မှန်း ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.