Social
ပျော်ရွှင်စဖွယ် တရုတ်စာ ဂိမ်းကစားပြိုင်ပွဲကို တရုတ်စာပေနှစ်သက်သင်ယူကြသော ကျောင်းသူကျောင်းသားများ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲ
ရန်ကုန်၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)
ပျော်ရွှင်စဖွယ် တရုတ်စာ ဂိမ်းကစားပြိုင်ပွဲကို သြဂုတ် ၄ ရက်က ရန်ကုန်မြို့ ဖူဆန်ဘုရားကျောင်းတွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများအပါအဝင် အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း ၊Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ မြန်မာနိုင်ငံ တရုတ်အမျိုးသမီးများအသင်းပညာရေးစင်တာ တက်သစ်စ တရုတ်စာသင်ကျောင်း၊ ခိန့်ဟုတ်တရုတ်စာသင်ကျောင်းနှင့် ကျန့်ရို(CLBC)တရုတ်စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသည် တရုတ်စာပေယဉ်ကျေးမှုဗဟုသုတများနှင့် ဂိမ်းကစားပြိုင်ပွဲကို ပေါင်းစပ်ထားသည့် အသင်းအဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် ပွဲတစ်ခုဖြစ်ရာ ကျောင်းသားကျောင်းသူများ ပျော်ပျော်ရွှင်ရွှင် တရုတ်စာ သင်ယူလေ့လာနိုင်ရန်နှင့် သင်ယူလေ့လာလိုစိတ်များတိုးပွားစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်စာပေနှစ်သက်သူများ ပျော်ရွှင်စဖွယ် တရုတ်စာ ဂိမ်းကစားပြိုင်ပွဲ ကျင်းပနေသည့် မြင်ကွင်းများ(ဆင်ဟွာ)

ပြိုင်ပွဲကို ကျောင်းတစ်ကျောင်းစီမှ ကျောင်းသားကျောင်းသူ ၅ ဦး တစ်ဖွဲ့ဖွ့ဲ၍ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကြရာ ကြက်ဥကလေးများကိုခါပြီး ကြက်ဥပါတရုတ်စာ၏တရုတ်စာလုံးအပြည့်အစုံကိုရေးသားခြင်း ၊ အန်ဇာတုံးခေါက် တရုတ်စကားပုံဆက်စပ်ခန့်မှန်းခြင်း၊ ဘောလုံးဖောက်ဂိမ်းကစားနည်းဖြင့် ရှေးတရုတ် ပန်းချီစာလုံးကိုခန့်မှန်းခြင်း၊ ဘောလုံးကို တုတ်တန်းရှည်နှစ်ချောင်းဖြင့်သယ်ဆောင်ရသောနည်းလမ်းဖြင့် တရုတ်နိုင်ငံ၏ပြည်နယ် မြို့နာမည်များကို ပြောကြားခြင်း စသည့် ဂိမ်းကစားနည်း ၅ ခု ကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ ယှဉ်ပြိုင်ကြရာတွင် ပထမဆုကို အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်တန်းကျောင်းမှလည်းကောင်း ၊ ဒုတိယဆုကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် Fu Xing ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်းမှလည်းကောင်း ၊ တတိယဆုကို ကျန့်ရို(CLBC)တရုတ်စာသင်ကျောင်းမှလည်းကောင်း ဆွတ်ခူး ရရှိခဲ့ပြီး မြန်မာနိုင်ငံ တရုတ်အမျိုးသမီးများအသင်းပညာရေးစင်တာ တက်သစ်စ တရုတ်စာသင်ကျောင်းနှင့်ခိန့်ဟုတ်တရုတ်စာသင်ကျောင်းက ထူးချွန်နှစ်သိမ့်ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
အဆိုပါပြိင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အရှေ့တိုင်းဘာသာစကားနှင့်စီပွားရေးစင်တာ (ELBC) ကွန်ဖြူးရှပ်တရုတ်စာသင်တန်းကျောင်းမှ တာဝန်ယူကျင်းပခြင်းဖြစ်ရာ နောက်နှစ်များတွင် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)