Connect with us

Social

အာဆီယံ နိုင်ငံများမှ နိုင်ငံအလိုက် အစားအစာများ ပါဝင် ပြသသွားမည့် အာဆီယံ အစားအစာ ပွဲတော် မန္တလေးမြို့၌ ကျင်းပမည်

အာဆီယံ အစားအစာ ပွဲတော် အကြောင်း သတင်းစာ ရှင်းလင်းပွဲအား ရန်ကုန်မြို့ ၌ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

အာဆီယံ နိုင်ငံများမှ နိုင်ငံအလိုက် အစားအစာများ ပါဝင် ပြသသွားမည့် အာဆီယံ အစားအစာ ပွဲတော် ၂၀၁၉ အား မြန်မာနိုင်ငံ ၊ မန္တလေးမြို့ရှိ Mandalay Convention Centre (MCC) တွင် သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က “ပွဲတော်မှာ အာဆီယံ နိုင်ငံတွေက အကုန် လာကြမယ်။အခုက အာဆီယံ နိုင်ငံတွေ အပြင် တရုတ် ၊ ဂျပန် ၊ ကိုရီးယား ၊ အိန္ဒိယ နိုင်ငံတွေက သူတို့ရဲ့ အစားအသောက် တွေပါ ပြသသွားမှာပါ။ဒီပွဲတော်က မြန်မာနိုင်ငံမှာ ပထမဆုံး လုပ်တဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

အာဆီယံ အစားအစာ ပွဲတော်တွင် အာဆီယံနိုင်ငံ များမှ အစားအစာများ နှင့် အမှတ်တရ ပစ္စည်း ရောင်းချမည့် ဆိုင်ခန်းများ အပါအဝင် ပြခန်းပေါင်း ၁၁၀ ကျော် ပါဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား ရိုးရာ အစားအစာများ ၊ ဒေသ အစားအစာများ ၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းများ ၊ တိုင်းရင်းသား အကအလှများ တင်ဆက် ကပြခြင်း တို့အပြင် ဒေသ တစ်ခုချင်းစီ၏ အဓိက ဟင်းလျာများအား ချက်ပြုတ် တင်ဆက် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို အစားအသောက်ကို အခြေခံသည့် ခရီးသွား လုပ်ငန်း မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးလာစေရန် ၊ မိုးရာသီ ဖြစ်သည့် Green Season ကာလ အတွင်း ခရီးသွား လုပ်ငန်း ကဏ္ဍ မြှင့်တင်ရေး လှုပ်ရှားမှု တစ်ရပ်အဖြစ်လည်း ရည်ရွယ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံမှ အစားအစာများအား နိုင်ငံတကာက သိရှိပြီး ဒေသတွင်း ခရီးသွားလာမှု ဖွံ့ဖြိုး တိုးတက်မှု နှင့် နိုင်ငံတကာမှ ခရီးသွားများလည်း မြန်မာနိုင်ငံ၏ လှပသော နေရာဒေသများကို သိရှိ၍ နိုင်ငံတကာ ခရီးသွား ဧည့်သည် များ မြန်မာနိုင်ငံ အတွင်း ပိုမို ဝင်ရောက် လာစေရန် စသည့် ရည်ရွယ်ချက်များ နှင့် အတူ အခြား အာဆီယံ နိုင်ငံများ နှင့် လည်း ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ အစားအစာ ပွဲတော် ၂၀၁၉ အား ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုး ကူညီမှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117