Connect with us

Social

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဖလှယ်ရေး တိုးမြှင့် ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်များ တရုတ်နိုင်ငံသို့ သွားရောက်

တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ် သွားရောက်သည့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်များနှင့် လိုက်ပါ ပို့ဆောင်သူများအား ရန်ကုန် လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဗုဒ္ဓ အသင်း ပေကျင်းမြို့ လင်ကွမ်း ကျောင်းတိုက် ဆရာတော်၏ ဖိတ်ကြားချက်အရ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့သြဂုတ် ၂၄ ရက်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တဆင့် ပေကျင်းမြို့သို့ထွက်ခွာ သွားကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော် ဘဒ္ဒ န္တ စန္ဒိမာ ဘိဝံသ က ယခုခရီးစဉ်အတွင်း “ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေကို တိုးမြှင့် ဖလှယ် ဆောင်ရွက်သွားပါမယ်။ခု ခရီးစဉ်ကနေပြီးတော့ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပိုပြီး တိုးမြှင့်စေမှာ ဖြစ်ပါတယ်။ဘာသာရေးနဲ့ ပတ်သက်ပြီး အခုလို ဆောင်ရွက်တဲ့ အတွက်ကြောင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း ချစ်ကြည်မှုတွေ ပိုပြီး များလာသလို တိုင်းသူပြည်သားတွေလည်း ဘာသာရေးကို အကြောင်းပြု ပြီး ပိုပြီး ပေါင်းစပ်မှုတွေ များလာပြီး ချစ်ကြည်ရင်းနှီးမှုကလည်း ပိုမို နက်ရှိုင်း သွားစေမှာပါ။”ဟု ဆင်ဟွာသို့ မိန့်ကြားခဲ့သည်။

တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ် သွားရောက်သည့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်များနှင့် လိုက်ပါ ပို့ဆောင်သူများအား ရန်ကုန် လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ထိုချစ်ကြည်ရေး ခရီးစဉ် အတွင်း ပေကျင်းမြို့ ၊ လင်ကွမ်း ကျောင်းတိုက်(ဗုဒ္ဓစွယ်တော် ကိန်းဝပ် စံပယ်တော်မူသောကျောင်း) ၊ ပေကျင်းယုံဟော်ကုန်း(လာမားဘုန်းတော်)၊တရုတ်နိုင်ငံ ဗုဒ္ဓအသင်း ၊ တရုတ်နိုင်ငံ သာသနာရေး ဦးစီးဌာနတို့မှ ကျောင်းထိုင် ဆရာတော်နှင့် အကြီးအကဲတို့နှင့် အတူ လင်ကွမ်း ကျောင်းတိုက်တွင် ဗုဒ္ဓစွယ်တော်အား သွားရောက် ဖူးမျှော်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ် သွားရောက်သည့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်များကို တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ထိုခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် ထိရောက်သော တွန်းအားပေး ဆောင်ရွက်မှု ဖြစ်သည့် အပြင် ခရီးစဉ်မှ တဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ နားလည်မှု တိုးပွားရေး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို နက်ရိူင်းစေရန် အထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယူနန်ပြည်နယ်ရှိ ရှီးဆွမ်းပန်နာ့ နှင့် ကူမင်းမြို့များသို့ သွားရောက်၍ မြို့နယ် ဗုဒ္ဓအသင်း ဥက္ကဋ္ဌ ၊ ကျောင်းထိုင် ဆရာတော်များနှင့်တွေ့ဆုံပြီး တရားပွဲ ကျင်းပခြင်း ၊ မေတ္တာပို့သခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သြဂုတ် ၂၄ ရက်မှ ၂၉ ရက်ထိ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နိုင်ငံတော် သံဃမဟာနာယက ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော် ဘဒ္ဒ န္တ စန္ဒိမာ ဘိဝံသ အပါအဝင် အဖွဲ့ဝင် ၁၀ ဦး လိုက်ပါ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ သံဃဂိုဏ်းပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဗုဒ္ဓအသင်း ၊ဒေသဆိုင်ရာ ဗုဒ္ဓအသင်း ၊ ဒေသ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။
ယခုခရီးစဉ်အား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် နိုင်ငံတော် သံဃာ့မဟာ နာယကမှ ဦးစီး၍ Exploring Myanmar ကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ယခု သြဂုတ်လ အတွင်း တွေ့ဆုံခဲ့စဉ် ဗုဒ္ဓဘာသာ ပိုင်းဆိုင်ရာ ဖလှယ်မှု များတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု ချစ်ကြည်ဆက်ဆံရေး အခြေခံကို လက်တွေ့အကောင်အထည် ဖော်လိုကြောင်း ရှီကျင့်ဖိန်က ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.