Connect with us

Social

ပထမအကြိမ် မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ လုပွဲတွင် မြန်မာ လက်ဝှေ့သမား ၆ ဦး အနိုင်ရ

ပထမအကြိမ် မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲ တွင် ယှဉ်ပြိုင်ကြသည့် တွဲဆိုင်းများအား တွေ့ရစဉ်(Myanmar Lethwei World Championship)

ရန်ကုန် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ပထမအကြိမ် မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ လုပွဲ(MYANMAR LETHWEI WORLD CHAMPIONSHIP) တွင် မြန်မာ လက်ဝှေ့ကစားသမား များ နှင့် နိုင်ငံတကာ လက်ဝှေ့ကစားသမားများ ယှဉ်ပြိုင် ထိုးသတ် ကြရာ ဝိတ်တန်း အလိုက် တွဲဆိုင်း ၈ ဆိုင်း အနက် တွဲဆိုင်းအလိုက် မြန်မာ လက်ဝှေ့ကစားသမား ၆ ဦး အထိ အနိုင်ရရှိခဲ့သည်။

ဝိတ်တန်း အလိုက် တွဲဆိုင်းများ အနက် ၈ဝ ကီလိုတန်းတွင် ထွန်းထွန်းမင်း (မုဒုံ) နှင့် ချူထိုင်း (ထိုင်း) တွဲဆိုင်းတွင် ပထမအချီ ၁ မိနစ်ကျော်အတွင်း ထွန်းထွန်းမင်းက ထိုးသတ် အနိုင်ရရှိခဲ့သည်။

ထို့အတူ ၇၅ ကီလိုတန်းတွင် တူးတူး (နဂါးမာန်) နှင့် ဒေ့ဗ်လက်ဒပ် (ကနေဒါ) တို့သည် ပွဲချိန်ပြည့် ပဉ္စမ အချီမြောက် ထိုးသတ်ပြီး ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ၅၄ ကီလိုတန်းတွင် စွမ်းထက်နိုင် (ဗမာ့သွေး) နှင့် ဆူပါဘော (လာအို) တွဲဆိုင်းတွင် ဒုတိယ အချီ၌ ဆူပါဘော က အနိုင်ရရှိခဲ့သည်။
အနိုင်ရရှိခဲ့သည့် အခြားတွဲဆိုင်းများမှာ ၅၇ကီလိုတန်းတွင် ရဲသွေးနီ(တောင်ကလေး)က ဒုတိယ အချီတွင် လည်းကောင်း ၊ ၆ဝ ကီလိုတန်းတွင် ထွန်းလွင်မိုး (နဂါးမာန်) က ဒုတိယ အချီတွင် လည်းကောင်း ၊ ၆၃ ကီလိုတန်းတွင် သားသည်းတစ်ပွင့် (ဗမာ့သွေး) က တတိယ အချီတွင် လည်းကောင်း ၊ ၆၇ ကီလိုတန်းတွင် ဖျံသွေး (ရွှေမိုးထိ)က ဒုတိယ အချီတွင် လည်းကောင်း ၊ ၇၂ ကီလိုတန်းတွင် စောဂေါ်မူဒို (သတ္တိ)က ဒုတိယ အချီတွင် လည်းကောင်း နိုင်ငံတကာ လက်ဝှေ့သမားများအား ယှဉ်ပြိုင် ထိုးသတ်ကာ အသီးသီး အနိုင် ရရှိခဲ့ကြသည်။

မြန်မာ့ ရိုးရာ လက်ဝှေ့ကစားနည်းအား ကမ္ဘာ့တစ်လွှားမှ ပိုမို စိတ်ပါဝင်စား လာစေရန် ရည်ရွယ်၍ ပထမအကြိမ် မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ လုပွဲကို ယနေ့သြဂုတ် ၂၁ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံ၌ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး Myanmar Media Group မှ စီစဉ် ကျင်းပ ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117