Social
မင်းတပ်မြို့နယ် နှုံးကျေးရွာအနီးတွင် အောက်ချင်းငှက် ၁၂ ကောင် အုပ်စုကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
မင်းတပ်မြို့နယ် နှုံးကျေးရွာအနီးတွင် အောက်ချင်းငှက် ၁၂ ကောင် အုပ်စုကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ချင်းပြည်နယ်ရှိ နတ်မတောင်(ခေါနူးစုမ်) အမျိုးသားဥယျာဉ် အတွင်း SMARTနည်း ပညာဖြင့် ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းများကို လစဉ်ဆောင် ရွက် လျက် ရှိရာ ဇန်နဝါရီ ၁၃ ရက်က SMARTကင်း လှည့်ဆောင်ရွက် ခဲ့စဉ် မင်းတပ်မြို့ နယ် နှုံးကျေးရွာအနီးတွင် အောက်ချင်း ငှက် ၁၂ ကောင်အုပ်စုကိုတွေ့ ရှိမှတ်တမ်း တင်နိုင်ခဲ့ကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနမှ သိရသည်။
နတ်မတောင် (ခေါနူးစုမ်) အမျိုးသားဥယျာဉ် အုပ်ချုပ်လုပ်ကိုင်မှု ငါးနှစ်တာ စီမံချက်ကို Wildlife Conservation Society (WCS)၊ ဌာနဆိုင်ရာများ၊ ဒေသခံများ၏ အကြံပြု ချက်များဖြင့် ရေးဆွဲထားပြီး အတည် ပြုချက်ရရှိရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သို့ တင်ပြ ထားပြီးဖြစ်ကြောင်း သိရ သည်။
အောက်ချင်းငှက်အပါအဝင် အခြား ငှက်များ စာရင်းကောက်ယူခြင်း လုပ်ငန်း ကို WCSနှင့် မြန်မာ့ငှက်ဝါသနာရှင်များ အသင်းတို့ ပူးပေါင်းကာ ပြီးခဲ့သည့်နှစ် အတွင်း ဆောင်ရွက်ခဲ့ပြီးခန့်မှန်းအား ဖြင့် နတ်မတောင် (ခေါနူးစုမ်) အမျိုးသား ဥယျာဉ်တွင် အောက်ချင်းငှက်ကောင် ရေ ၂ဝ ခန့်ရှိကြောင်း သိရသည်။
အောက်ချင်းငှက်များကို ဒေသခံများ တန်ဖိုးထား ထိန်းသိမ်း တတ်စေရေး အတွက် ချင်းပြည်နယ်ရှိ မြို့တိုင်းတွင် အောက်ချင်းငှက်များအား ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုလုပ်ရန် ချင်း ပြည်နယ် သစ်တောဦးစီးဌာနမှ အသိ ပညာပေးဆိုင်းဘုတ်များ စိုက်ထူထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)