Connect with us

Social

မြန်မာနိုင်ငံရှိ ဟိုတယ်အခန်းခများ ဈေးနှုန်းကြီးမြင့်နေမှုအား ပြန်လည်သုံးသပ်နိုင်ရေးများ ဆောင်ရွက်ရန် ဒုတိယ သမ္မတဆို

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိဟိုတယ်များ၏ အခန်းခဈေးနှုန်းများသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ဈေးနှုန်းကြီးမြှင့်နေမှုအား ပြန်လည်သုံးသပ်နိုင်ရေးများ ဆောင်ရွက်ရန် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ယင်း ဈေးနှုန်းကြီးမြင့်မှုသည် ဟိုတယ်အခန်းများနှင့် တည်းခိုသည့် ခရီးသည် အရေအတွက်အချိုးမ မျှတ၍လည်း ဖြစ်နိုင်ပါကြောင်း၊ အဆိုပါကိစ္စရပ်ကိုပြန်လည်သုံးသပ်နိုင်ရေးအတွက် ဇုန်အလိုက် ဟိုတယ်များနှင့်တည်းခိုရိပ်သာများ၏ အရေအတွက်နှင့်အခန်းများတည်ရှိမှု၊ ခရီးသည်လာ ရောက်တည်းခိုမှု၊ အခန်းများပိုမိုမှု(သို့မဟုတ်) အနာဂတ်ခရီးသည် လာရောက်တည်းခိုမှု အလားအလာနှင့် ဟိုတယ်များထပ်မံဖွင့်လှစ်ပေးသင့်သည့်အစီအစဉ်များကိုဇုန်အလိုက် စိစစ်မှုများပြုလုပ်၍ တင်ပြစေလိုကြောင်း ဒုတိယ သမ္မတက ဆိုသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် Tourism Related Infrastructure များ၊ ဟိုတယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးရင်းနှီး မြှုပ်နှံသွားနိုင်ကြရန်နှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာစေရေးအတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်ရန် တိုက်တွန်းလိုကြောင်း ၎င်းကပြောသည်။

ငပလီ၊ ငွေဆောင်နှင့် ချောင်းသာဒေသများသည် ပင်လယ်ကမ်းခြေကို အမှီပြု၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ရခြင်းဖြစ် သည့်အတွက် ပင်လယ် နှင့်အနီးအဝေးကွာခြားချက်များအလိုက် ဟိုတယ်များမည်သို့ တည်ဆောက်ကြသည်ကို အခြားနိုင်ငံ များဆောင်ရွက်နေသည့်နမူနာများ ကိုလေ့လာ၍ စံနှုန်းများနှင့် အကြံပြုချက်များ ကို ပြုစုပြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဒုတိယ သမ္မတက ဆိုသည်။

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင် များတွေ့ဆုံပွဲကို ဇန်နဝါရီ ၂၀ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.