Social
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပချိန် မော်တော်ယာဉ်များ လမ်းလွှဲ မောင်းနှင်ကြရန် သတိပေး နှိုးဆော်

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပမည့် မတ် ၁၈ ရက် ညနေ ၄ နာရီမှ ည ၇ နာရီအထိ လမ်းပိတ်ထားမည် ဖြစ်သဖြင့် မော်တော်ယာဉ်များ လမ်းလွှဲမှ မောင်းနှင်ကြရန် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သတိပေးနှိုးဆော်ခဲ့သည်။
အခမ်းအနား ကျင်းပချိန်တွင် ပြည်လမ်းအား ဟံသာဝတီအဝိုင်းမှ ပြည်ထောင်စု ရိပ်သာလမ်းထိ လည်းကောင်း ၊ ဗားကရာလမ်းနှင့် ရှင်စောပုလမ်းအား ဦးဝိစာရ လမ်းဆုံမှ ဗဟိုလမ်းထိလည်းကောင်း၊ အလုံလမ်းအား မြို့မကျောင်းလမ်းဆုံမှ ဗဟိုလမ်းထိလည်းကောင်း လမ်းပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ် ၁၈ ရက်တွင် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည် ဖြစ်သည်။(Xinhua)