Connect with us

Social

သြင်္ကန်ပိတ်ရက် ၁၀ရက် အပြည့်စီစဉ်ပေးနိုင်ရန် ဝန်ကြီးဌာန နှင့် လုပ်ငန်းရှင်များ ဆွေးနွေးမှု၌ လုပ်ငန်းရှင်များ ပူးပေါင်းရန်စိတ်ဝင်စား

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနှစ်သစ်ကူး သြင်္ကန်ပွဲတော်ကာလရုံးပိတ်ရက် ၁၀ ရက်အပြည့်ကို ဝန်ထမ်းများခံစားခွင့်ရရန် ဆွေးနွေးမှုတွင် လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ဆင်ဟွာကိုပြောသည်။

လုပ်ငန်းရှင်များနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ တာဝန်ရှိသူတို့သည် ပြည်ထောင်စုအစိုးရ၏ အမိန့်ကြော်ငြာစာအရ သြင်္ကန်ရုံးပိတ်ရက်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာ တရားဝင်ပြောင်းလဲသတ်မှတ်ထားသော်လည်း လုပ်သားဝန်ထမ်းများ၏ လိုလားချက်နှင့် ရုံးပိတ်ရက်အတွက် ကြိုတင်ပြင်ဆင်နိုင်ရေး အခက်အခဲများ ရှိနေသဖြင့် ရုံးပိတ်ရက် ၁၀ ရက်အပြည့် ရရှိအောင် အခြားနည်းလမ်းများဖြင့် ညှိနှိုင်းစီစဉ်ပေးနိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဦးမျိုးအောင်က “ကျွန်တော်တို့ဆွေးနွေးတဲ့အခါ အလုပ်ရှင်တွေဘက်က ပူးပေါင်းဆောင်ရွက်ပါ့မယ် လို့ပြောပါတယ်။ အလုပ်ရှင်တွေ အနေနဲ့ အစိုးရက ထပ်တိုးပေးတဲ့ ပိတ်ရက် ၅ ရက် ကိုလည်း ပိတ်ပေးရမှာ ဖြစ်တော့ သြင်္ကန်ကို ၁၀ ရက်လုံး ပိတ်ရက်ပေးမယ်ဆိုရင် ဝန်ထမ်းတွေ ကို သြင်္ကန် ၅ ရက်ပိတ်ရက်ထပ်တိုးပေးရတဲ့ရက်အတွက် ခွင့် အနေနဲ့ သတ်မှတ်မလား၊ ရက်အစား ပြန်ဆင်းခိုင်းမလားဆိုတာကိုတော့ ဆက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းကြမှာပါ’’ ဟုပြောသည်။

သြင်္ကန်ပိတ်ရက် ၁၀ ရက် အပြည့်ရရှိရန် စီစဉ်ပေးရာတွင် ဝန်ကြီးဌာနမှ သတ်မှတ်ချက်ထုတ်ပြန်ပေးခြင်းထက် လုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်းခွင်အခြေအနေအမျိုးမျိုးရှိသည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် လုပ်သားဝန်ထမ်းများအကြား နှစ်ဦးနှစ်ဖက် သဘောတူစီစဉ်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလုပ်ရှင်နှင့်လုပ်သားများ ညှိနှိုင်းရာတွင် ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများနှင့် စက်မှုဇုန်ကော်မတီများပါ ပူးပေါင်းပါဝင်ကူညီနိုင်ရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်း၊ သြင်္ကန်ပိတ်ရက် ၁၀ ရက်ရရှိရေးကို ယခုနှစ်အတွက်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင် တရားဝင်သတ်မှတ်ထားသည့် ၅ ရက်သာ ကျင့်သုံးသွားမည်ဟု ဦးမျိုးအောင်က ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် မန္တလေးနှင့် ရန်ကုန်မြို့များတွင် လုပ်သားများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လုပ်သားဝန်ထမ်းများရော လုပ်ငန်းရှင်များပါ သြင်္ကန်ပိတ်ရက် ၁၀ ရက် ရရှိရန် လိုလားကြသည်ကို တွေ့ရှိရကြောင်း ၊ကုန်သည်အသင်းချုပ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီများ၊ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ လုပ်ငန်းကုမ္ပဏီများမှ HR တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.