Connect with us

Social

မန္တလေးတိုင်း ဒေသကြီးအတွင်း နွေသီးနှံ စိုက်ပျိုးမှုများအတွက် ပြည်ထောင်စု သီးသန့်ရန်ပုံငွေ မှ ငွေကျပ် ၄ ဒသမ၂ ဘီလီယံ အသုံးပြုသွားမည်

ဆည်မြောင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီးအတွင်း နွေသီးနှံ စိုက်ပျိုးမှုများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန် ပြည်ထောင်စု သီးသန့်ရန်ပုံငွေ မှ ငွေကျပ် ၄ ဒသမ၂ ဘီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

နွေရာသီတွင် ဆည်မြောင်းများကို အားထားပြီး နွေသီးနှံစိုက် ပျိုးလုပ်ကိုင်မည့် တောင်သူများ ဆည်မြောင်းများမှ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် ဆည်မြောင်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေရှားပါးသည့် ဒေသများ၌ စက်ရေတွင်းများ တူးဖော်လျက် ရှိကြောင်းသိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၂ ခုနှစ် ဝန်းကျင်မှ စတင်၍ မိုးခေါင်ရေရှားမှုများနှင့် တွေ့ကြုံခဲ့ရပြီး သီးနံှစုံ စိုက်ပျိုးရေးများတွင် စိုက်ဧက လျော့နည်းမှုများ ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ် မိုးရာသီကာလက မိုးရွာသွန်းမှု ကောင်းမွန်သောကြောင့် ဆည်မြောင်းနှင့် ကန်များ၌ ရေဝင်ရောက်မှု မြင့်တက်ခဲ့သဖြင့် နွေသီးနှံ စိုက်ပျိုးရေးများအတွက် ရေလုံလောက်မှု ရှိနိုင်ကြောင်း တောင်သူများက ခန့်မှန်းကြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ နွေသီးနှံကို မတ်လမှစတင် စိုက်ပျိုးကြပြီး စတင် စိုက်ပျိုးချိန်တွင် စိုက်ပျိုးရေ ပိုမိုလိုအပ်ခြင်းဖြစ်ကာ ဇူလိုင်လတွင် သီးနှံများကို ရိတ်သိမ်းကြောင်း၊ မိုးခေါင်ရေရှားသည့် ဒေသများ၌ နွေစပါး စိုက်ပျိုး၍ မရသည့်အတွက် တခြား သီးနှံများ ပြောင်းလဲ စိုက်ပျိုးနေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.