Connect with us

Social

မြန်မာ-ထိုင်း နှစ်နိုင်ငံ ရွှေ့ပြောင်း အလုပ်သမား အရေးကိစ္စ ပူးပေါင်း တာဝန်ယူ ဆောင်ရွက်မည်

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်တို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာ- ထိုင်း နှစ်နိုင်ငံသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်း တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်းယနေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်က ပြောကြားသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စနှင့် ပတ်သက်ပြီး တာဝန်များကို ထိုင်းတစ်နိုင်ငံတည်း အပေါ်တွင် ထားမည် မဟုတ်ဘဲ မြန်မာနိုင်ငံ အနေဖြင့်လည်း တာဝန်ယူ ဆောင်ရွက်သွားရန် အစီအစဉ်များ ရှိကြောင်း၊ ထိုင်းလုပ်သားများ နည်းတူ အခွင့်အရေးများ တန်းတူ ရရှိရေးအတွက် တဖြည်းဖြည်း တိုးမြှင့် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများမှ ခရီးစဉ်သည် နှစ်နိုင်ငံလုံး အတွက် အကျိုးရှိသည့် ခရီးစဉ် ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မှတ်ပုံတင်ထားရှိသည့် မြန်မာ အလုပ်သမား ၁.၅၉ သန်း ရှိကြောင်း၊ ယခင်ကနှင့် မတူသည်မှာ အဆိုပါ ရွှေ့ပြောင်း လုပ်သားများ၏ သားသမီးများသည် ပညာသင်ကြားခွင့်များ နှင့် ထိုင်းလုပ်သားများ နည်းတူ ကျန်းမာရေး ဆေးကုသခွင့် ရရှိထားပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ယင်း နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး တွေ့ဆုံမှုတွင် မြန်မာအလုပ်သမားများ အရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ဆွေးနွေး ခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.