Social
မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယန်ဟို့လန်မှ မြန်မာ နှစ်သစ်ကူးနှင့် သြင်္ကန်ပွဲတော်အတွက် အတွက် ဆုတောင်း စကား ပြောကြား
![မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ် ယန်ဟို့လန် (Yang Houlan) မှ ဗုဒ္ဓဘာသာ ဆိုင်ရာ ဓာတ်ပုံပြပွဲ ဖွင့်ပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ် (Xinhua)](https://xinhuamyanmar.com/wp-content/uploads/2015/04/images_mm_2015_04_13_20150413-id-13bb.jpg)
ရန်ကုန် ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ယန်ဟို့လန်သည် မြန်မာ ပြည်သူ လူထုများ၏ ပျော်ရွှင် ဖွယ်ကောင်းသော သြင်္ကန်ပွဲတော်နှင့် မြန်မာ နှစ်သစ်ကူးအတွက် ဆုတောင်းစကား ပြောကြားခဲ့သည် ။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ အောင်မြင်မှု ရရှိခဲ့သည်ဟု သုံးသပ် ခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ဆိုင်ရာ သဘောတူညီမှု တွင်လည်း တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် အပေါ်တွင် အခြေခံ၍ တိုးတက်မှုများ ရရှိမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)