Connect with us

Social

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၃၆၆၂ တွင် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက် သွားမည်ဟုဆို

ဒလမြို့နယ်ရှိ ရေကန်တစ်ကန်တွင် ရေထမ်းနေသော မိန်းကလေးငယ်နှစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၃၆၆၂) ရွာ၌ ရေရရှိရေး လုပ်ငန်းပေါင်း (၃၉၅၇) ခု အားဆောင်ရွက်ရန် ခွင့်ပြုပြီး ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ယနေ့ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာန အနေဖြင့် ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၃၉၄၉) ရွာ၌ ရေရရှိရေး လုပ်ငန်းပေါင်း (၄၂၆၈) ခုအား ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၃၅၅၂ ရွာတွင် တွင်းတိမ် ၅၁၆ တွင်း၊ တွင်းနက် ၁၄၆၇ တွင်း၊ လက်တူးတွင်း ၅၅၅ တွင်း၊ မြေသား မိုးရေလှောင်ကန် ၄၉၇ ကန်၊ စိမ့်စမ်းရေ သွယ်ယူခြင်း ၆၁၃ ခု၊ အခြားရေရရှိရေး လုပ်ငန်း ၁၉၉ ခု စုစုပေါင်း ရေရရှိရေး လုပ်ငန်း ၃၈၄၇ ခုကို ဆောင်ရွက်ရန် အတွက် ရန်ပုံငွေကျပ် ၃၁၀၇၉.၇ သန်း လျာထားကြောင်း၊ JICA နှင့် ပူးပေါင်းပြီး ကုန်ကျငွေကျပ် ၁၈၇.၀၂၂၆ သန်းဖြင့် ကျေးရွာပေါင်း ၂၀ တွင် တွင်းနက် ၂၀ တွင်း၊ UNICEF နှင့် ပူးပေါင်းပြီး ကုန်ကျငွေကျပ် ၅၂၄ သန်းဖြင့် ကျေးရွာပေါင်း ၉၀ တွင် တွင်းနက် ၄၆ တွင်း၊ လက်တူးတွင်း ၈ တွင်း၊ မြေသား မိုးရေလှောင်ကန် ၂၀ ကန်၊ စိမ့်စမ်းရေ သွယ်ယူခြင်း ၁၆ ခု စုစုပေါင်း ရေရရှိရေး လုပ်ငန်း ၉၀ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးက ယနေ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းအား ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၅-၂၀၁၆ ဘတ်ဂျက်ပါ လုပ်ငန်းများအား အချိန်မီ ပြီးစီးရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များထံ အချိန်မီ တင်ပြကြရန် ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလမှ မေလအတွင်း တင်ဒါခေါ်ယူရေး အပြီးသတ် ဆောင်ရွက်သွားရန် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများသို့ ညွှန်ကြားထား ပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများအား ဇွန်လအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.