Social
ရခိုင်ပြည်နယ်၌ တစ်နေ့အတွင်း နေရာနှစ်နေရာမှ စိတ်ကြွဆေးပြား တန်ဖိုး သန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၌ တစ်နေ့အတွင်း နေရာနှစ်နေရာမှ စိတ်ကြွဆေးပြား ခန့်မှန်းတန်ဖိုး သန်း တစ်သောင်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ပြည်နယ်၌ စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ၅နာရီခန့်က မောင်တောမြို့အဝင် သုံးမိုင်ရှိ အုတ်သဲကျောက်လုပ်ငန်း၏ အုတ်များပုံထားသော အုတ်ပုံအတွင်း WYစိတ်ကြွမူးယစ်ဆေးပြား အလုံးရေ ၆၂သိန်းကျော်ကို ဖမ်းဆီးရမိပြီး မောင်တောမြို့ လသာရွာတွင်လည်း WYဆေးပြား အလုံးရေ ၆၈၀၀၀၀ကျော် ထပ်မံ ဖမ်းဆီးရမိပြီး စုစုပေါင်း ဆေးပြားအရေအတွက်သည် သိန်း ၇၀ကျော်ရှိကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မောင်တောမြို့နယ် ဘူးသီးတောင်လမ်းဘေး သုံးမိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က အုတ်သဲကျောက်လုပ်ငန်း ခြံဝင်းအတွင်း သဲသယ်လာသည့် ကားပေါ်မှ WYနှင့် R အမှတ်အသားပါ စိတ်ကြွဆေးပြား အလုံးရေ (၇)သိန်းနီးပါး ဖမ်းဆီးရမိခဲ့သည်။(Xinhua)