Connect with us

Social

မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်သူများ အသင်းကို ပြည်တွင်း ရုပ်/သံ မီဒီယာ ၁၅ ခုဖြင့် စတင် ဖွဲ့စည်း

မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်သူများ အသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပခဲ့စဉ်(ဓာတ်ပုံ-သီတာဆွေ )

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်သူများ အသင်း(MBA)ကို ပြည်တွင်း ရုပ်/သံ မီဒီယာ ၁၅ ခုဖြင့် စတင် ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ ၁၈ရက်နေ့တွင်ကျင်းပသော မိတ်ဆက် အခမ်းအနားထံမှ သိရသည်။

အဆိုပါ အသင်းကို ပင်မရုပ်သံ ထုတ်လွှင့်နေသော ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား( MRTV)၊ မြဝတီ ရုပ်မြင်သံကြား(MWD) အပါအဝင် ပုဂ္ဂလိက ရုပ်/သံများဖြစ်သော ရွှေသံလွင် ကုမ္ပဏီမှ SKY NETရုပ်/သံလိုင်းများ၊ Forevergroup မှ MRTV-4 နှင့် အခြားရုပ်/သံများ၊ အသံထုတ်လွှင့်မှု ဆိုင်ရာ ပြည်တွင်း FMများ အပါအဝင် စုစုပေါင်း ရုပ်/သံနှင့် အသံထုတ်လွှင့်သော မီဒီယာအဖွဲ့ ၁၅ ခုဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု မှတ်ပုံတင်ရေး အဖွဲ့နှင့် ပြည်တွင်း အသင်းအဖွဲ့များ(ယာယီ) မှတ်ပုံတင် လက်မှတ်ဖြင့် သြဂုတ် ၈ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
” ဆရာတို့အသင်း အနေနဲ့ ရုပ်/သံလောက ဖွံ့ဖြိုးဖို့၊ ရုပ်/သံဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့၊ ရုပ်/သံ ထုတ်လွှင့်သူတွေအကြား အငြင်းပွားမှု ပြဿနာတွေ ဖြေရှင်းပေးဖို့နဲ့ ရုပ်/သံထုတ်လုပ်သူတွေရဲ့ စီးပွားရေးကို ဥပဒေဘောင် အတွင်းက ကာကွယ်ပေးဖို့ဆိုတဲ့ အဓိကအချက်တွေ ပါဝင်ပါတယ်”ဟု မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းကို ပြည်တွင်း ရုပ်/သံမီဒီယာ ၁၅ ခုဖြင့် စတင်ဖွဲ့စည်းခြင်း မိတ်ဆက်အခမ်းအနားကို ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.