Connect with us

Social

ရန်ကုန်မြို့ရှိ မြေအောက် ဓာတ်ကြိုးများကြောင့် လျှပ်စစ် ပြတ်တောက်ခြင်းများ ရှိသဖြင့် အစားထိုး ပြင်ဆင်သွားရန်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်အတွင်း ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးစေရန်ဆောင်ရွက်စဉ် (Y.E.S.C Call Center )

ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ သက်တမ်း ကြာမြင့်နေသည့် မြေအောက် ဓာတ်ကြိုးများကြောင့် လျှပ်စစ် ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လေ့ ရှိသဖြင့် အဆိုပါ မြေအောက် ဓာတ်ကြိုးများအား အစားထိုး ပြင်ဆင်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရန်ကုန်မြို့ရှိ မြေအောက် ဓာတ်ကြိုးများ၏ သက်တမ်းမှာ နှစ်ပေါင်း ၅ဝ မှ ၁ဝဝ ခန့် ရှိနေပြီ ဖြစ်သောကြောင့် ဓာတ်ကြိုး အသစ်များဖြင့် လဲလှယ်သွားမည် ဖြစ်ကြောင်း၊ ဓာတ်အား လိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်များကိုလည်း ရှင်းလင်းသွားမည်ဖြစ်ရာ ထိုကာလအတွင်း ရက်အလိုက်၊ နာရီပိုင်းအလိုက် လျှပ်စစ်မီး ဖြတ်တောက်သွားမည် ဖြစ်ပြီး မီးဖြတ်မည့်ရက်နှင့် အချိန်တို့ကို ရုပ်သံ၊ ရေဒီယို၊ စာနယ်ဇင်းများမှ တစ်ဆင့် ကြိုတင် အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ နှစ် ၅ဝ မှ ၁ဝဝ ကြာ သက်တမ်းရှိသော မြေအောက်ဓာတ်ကြိုး၏ အရှည်မှာ ၁၁၃ ဒသမ ၆၄ မိုင်ရှိပြီး တည်ဆောက်စဉ်က အားနည်းချက်တချို့ ရှိခဲ့ခြင်းကြောင့် မြေအောက်လိုင်း အများစုမှာ စနစ်ကျမှု မရှိခဲ့ကြောင်း၊ နောက်ပိုင်း တည်ဆောက်မှုများကို ပိုမို စနစ်ကျစေရန်နှင့် ရေရှည် တည်တံ့စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.