Connect with us

Social

ကွန်ကရစ်တုံးများ နေရာ၌ Flower Box (ပန်းခုံ)များ ပြုလုပ် သွားမည်

ရန်ကုန်မြို့ လမ်းမကြီးတစ်ခုတွင် ကွန်ကရစ်တုံးများ ချထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ အတွင်း မေလ နောက်ဆုံးပတ်မှ စတင်ဖယ်ရှား ခဲ့သော အနော်ရထာလမ်း အပါအဝင် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရား လမ်းတို့ရှိ လမ်းလယ် ကွန်ကရစ်တုံးများ နေရာ၌ Flower Box (ပန်းခုံ) များ ပြုလုပ် သွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

အဆိုပါ လမ်းလယ် ကွန်ကရစ်တုံးများ ပြန်လည် ဖယ်ရှားခြင်းကို လေ့လာမှု ပြုလုပ်ပြီးမှသာ လိုအပ်ချက်ကို တိုင်းဒေသကြီး အစိုးရအား တင်ပြခြင်း ဖြစ်ပြီး အဆင့်ဆင့် ဆောင်ရွက်မှု အနေဖြင့် သုဓမ္မာ လမ်းမကြီးနှင့် ကမ်းနားလမ်း တို့၌ လမ်းလယ် ကွန်ကရစ်တုံးများ ရှိနေ သေးပြီး လိုအပ်ပါက ဆက်လက် ဖယ်ရှား သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖယ်ရှားထားသည့် နေရာ၌ လမ်း၏ ခံနိုင်ရည် နည်းပါးမှုကြောင့် ချိုင့်ခွက်များ ဖြစ်၍ လမ်းများ ပျက်စီးနေပြီး ယာဉ်မောင်း မကျွမ်းကျင်လျှင် ယာဉ် မတော်တဆမှု ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း၊ လမ်းများ ပျက်စီးနေမှု ကို ပြုပြင်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံသို့ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ပြီးစီး ထားသည့် ခုံးကျော်တံတား အဆင်းတွင် လမ်းကူးသူနှင့် ယာဉ်သွားလာမှု အဆင်ပြေ စေရန် စတီး သံဆန်ခါတန်း များ တပ်ဆင် သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက် ရပါက စတင်ပြုလုပ် သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.