Social
ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် စနစ်တကျရှိလာစေရန် အစိုးရအဖွဲ့နှင့် တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ရန်ကုန်မြို့လယ်တွင် ရှေးဟောင်းအမွေအနှစ် စာရင်းကောက်ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မြေပုံပေါ်တင်ခြင်း စသည့်လုပ်ငန်း များကို ဆောင်ရွက်ပြီးစီး၍ ဗဟန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဆက်လက် ဆောင်ရွက်လျက် ရှိရာ ပြီးစီးသလောက်ရှိပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)