Connect with us

Social

လူထုဗဟိုပြု စီမံကိန်း အသီးအပွင့်များကို ကျေးရွာ နှစ်သောင်းကျော်က ရရှိခံစားနေပြီဖြစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူ အဖွင့် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

လူထုဗဟိုပြု စီမံကိန်း၏ ဖွံ့ဖြိုးရေး အသီးအပွင့်များကို ကျေးရွာပေါင်း နှစ်သောင်းကျော်တို့က ရရှိခံစားနေနိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက လူထု ဗဟိုပြုစီမံကိန်း ပဉ္စမနှစ် နှစ်ပတ်လည် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ဒီနေ့အထိ ကျေးရွာ ပေါင်း ၁၂၀၁၁ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၁၁၂၂ ခုကို အရည်အသွေး ပြည့်မီစွာနဲ့ လူထုအကျိုးအတွက်အကောင်အထည်ဖော်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒီလို အကောင် အထည် ဖော်ပေးနိုင်ခဲ့တဲ့ ရလဒ်ဖြစ်တဲ့ ဖွံ့ဖြိုးရေးအသီးအပွင့်တွေကို ကျေးလက်နေ အိမ်ထောင်စု ပေါင်း ၇ ဒသမ ၁ သန်းတို့က ရရှိခံစားနေနိုင်ပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ သည်။

ကမ္ဘာ့ဘဏ်မှ Programme Leader Mr. Mark Austin အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

စွမ်းဆောင်ရည်ဆုရရှိသော ကျေးရွာအုပ်စု ကိုယ်စားလှယ်တစ်ဦး အား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ ဆုချီးမြှင့်စဉ်။(ဆင်ဟွာ)

စွမ်းဆောင်ရည်ဆုရရှိသော ကျေးရွာအုပ်စု ကိုယ်စားလှယ်တစ်ဦး အား ကမ္ဘာဘဏ်မှ Programme Leader Mr. Mark Austin ဆုချီးမြှင့်စဉ်။(ဆင်ဟွာ)

မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးစဉ်။(ဆင်ဟွာ)

ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အရင်းခံ အကျဆုံး လိုအပ်ချက်များ ဖြစ်သည့် အခြေခံ အဆောက် အအုံ များ ဖွံ့ဖြိုးလာစေရေး၊ ပြည်သူ့ ရေးရာ ဝန်ဆောင်မှုများကို ပြည်သူ ဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းဖြင့် ဖော်ဆောင်ပေးနိုင်ရေး၊ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက လျင်မြန်စွာ တုံ့ ပြန်ဖြေရှင်းနိုင်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်လျက် လူထု ဗဟိုပြု စီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၆၃ မြို့နယ်တို့တွင် အကောင်အထည် ဖော်ပေး လျက်၇ှိကြောင်း၊ ယခုနှစ်ဆိုလျှင် ငါးနှစ်ပြည့်ပြီဖြစ်ကြောင်း၊ လူထု ဗဟိုပြု စီမံကိန်းသည် ပြည်သူကို ဗဟိုပြုပြီး အားလုံး ပါဝင်နိုင် သော စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို ရယူရန် ဟူသည့် နိုင်ငံတော် ၏ စီးပွားရေး မူဝါဒကို ဖြည့်ဆည်းပေးနေသော၊ အပြည့်အ၀ ထင်ဟပ်နိုင်သော စီမံကိန်းတစ်ခု ဖြစ် ကြောင်း၊ ကျေးရွာများ၏ အခြေခံလိုအပ်ချက်များကို လူထုကိုယ်တိုင်က ရွေးချယ်၊ အကောင်အထည် ဖော်၊ ကြီးကြပ်၊ တာဝန်ယူပြပီး လုပ်ငန်း လည်ပတ် သဖြင့် ပြည်သူကို ဗဟိုပြုပြီး ပြည်သူကသာ လုပ်ငန်း အစအဆုံး တာဝန်ယူ လုပ်ဆောင်သွားရသည့် စီမံကိန်းလည်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျား မ တန်းတူ ပါဝင်ခွင့်ရသကဲ့သို့ ထိခိုက်လွယ် အုပ်စုများကိုလည်း ပါဝင်ခွင့်ရ အောင်၊ လူနည်းစုများအား ထိခိုက်နစ်နာစေတာမျိုး မရှိဘဲ ၎င်းတို့ပါအကျိုးခံစားခွင့်ရစေရန် ပါဝင်ခွင့် ပေးထားသည့် စီမံကိန်းမျိုးလည်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းငါးနှစ်တာအတွင်း လမ်းတံတား ကီလိုမီတာ ရှစ်ထောင်ကျော်၊ စာသင်ကျောင်း ၃၄၀၀ ကျော်၊ ရေရှိရေး လုပ်ငန်း ၃၂၀၀၊ မီးလင်းရေး လုပ်ငန်း ၁၂၀၀ တို့အား တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း များ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ ပြုပြင် ဆောင်ရွက်သည့် လုပ်ငန်းများအတွင်းအမေရိကန် ဒေါ်လာ ၁၇ သန်းကို လုပ်အားခ အဖြစ် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ လာမည့်နှစ်တွင် မြို့နယ် ၁၃ မြို့နယ်တို့တွင် စီမံကိန်းကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ၊ စီမံကိန်းမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ နည်းပညာ ကော်မတီ အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ စီမံကိန်း ဝန်ထမ်းများ၊ စီမံကိန်းကျေးရွာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.