Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ရှိ စီမံကိန်းမြေနေရာများကို မြို့ကွက်ပြမြေပုံအဖြစ် ပြန်လည်ရေးဆွဲရမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မြေတိုင်း အမှတ် (၁) နှင့် အမှတ် (၂) မြို့နယ် စီမံကိန်းမြေနေရာများကို စနစ်တကျ အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် မြို့ပြစီမံကိန်းအသစ် ပြန်လည်ရေးဆွဲရန် အတည်ပြု တိုင်းတာ သတ်မှတ်ရေးအဖွဲ့က ကွင်းဆင်းလေ့လာ ပြီး မြို့ကွက်ပြ မြေပုံအဖြစ် ပြန်လည် ရေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြား သည်။

ယနေ့ နံနက် ၁၀နာရီခွဲက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦး သန်းဆွေက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၁) နှင့် အမှတ် (၂) မြို့နယ် စီမံကိန်းမြေ နေရာများကို စနစ်တကျ ဆက်လက် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“ဆိပ်ကြီး ခနောင်တိုမြို့နယ် မြေတိုင်း အမှတ် (၁) နှင့် အမှတ် (၂) မြို့နယ် စီမံကိန်း မြေနေရာတွေကို စနစ်တကျ ဆက်လက် အကောင်အထည် ဖော်ဖို့် အစီအစဉ် နဲ့ ပတ်သက်လို့ အထက် ဖော်ပြပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ မြို့ပြစီမံကိန်း အသစ်ပြန် လည်ရေးဆွဲဖို့အတွက် အတည်ပြု တိုင်းတာ သတ်မှတ်ရေးအဖွဲ့က လိုအပ်တဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့နဲ့ ဖွဲ့စည်းပြီးတော့ အဲ့အဖွဲ့တွေကို ကွင်းဆင်းလေ့လာ တိုင်းတာခြင်းတွေ လုပ်နေပါတယ်။ မြေစီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အညီ အသေးစိတ် တိုင်းတာ စိစစ် ပြီးတော့မှ မြို့ကွက်ပြ မြေပုံအဖြစ် ပြန်လည် ရေးဆွဲရမှာဖြစ်ကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်” ဟု ရန်ကုန် မြို့တော်ဝန်က ပြောသည်။

အတည်ပြု တိုင်းတာသတ်မှတ်ရေး အဖွဲ့အနေဖြင့် မြေပြင်တည်ရှိမှု အခြေအနေ ၊ မြို့ကွက်ပြ မြေပုံ များတွင် မြို့ကွက်ချ ထားမှုအခြေအနေ၊ မြေချပါမစ် လျှောက်ထားမှု အခြေအနေများ ကို အသေးစိတ် ကွင်းဆင်းလေ့လာပြီး ၊လမ်းများ ၊သာသနာနိက အဆောက်အအုံများ၊ ဘုရားကျောင်းကန် စေတီ ပုထိုးများ၊ ရေတွင်းရေကန် အစရှိသည့် မရွှေ့မပြောင်းနိုင်သည့် တည်ရှိမှု ဧရိယာပေါ် မူတည်ပြီး မြေပြင်မြေပုံ တိုင်းတာမှု လက်မှတ်များကို အသေးစိတ် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် အချိန်ကာလ ကြာမြင့်မှု အတိုင်းအတာ တစ်ခု လိုအပ်မည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.