Social
သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့သွားရောက် ကြည့်ရှုအားပေး

ရန်ကုန် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဧပြီ ၁၉ ရက်တွင် နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့သိတာကတော့ ဒီနေ့ကုတင် ၁၀၀၀ ဆေးရုံကို သွားတယ်။ဆေးရုံမှာ ဆရာဝန်တွေ နဲ့တွေ့တယ်။ လူနာတွေနဲ့တွေ့တယ်။အားပေးတယ်။ဘာတွေ ဖြစ်လဲ ။လူနာ အခြေအနေတွေ မေးမြန်းတယ်။ဆေးရုံမှာ ဘာတွေ လိုအပ်ချက်ရှိသလဲ။အဲဒါတွေ မေးမြန်းခဲ့ပါတယ်။”ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဆင်ဟွာသို့ပြောသည်။
နေပြည်တော်ဆေးရုံရှိ လူနာများအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရူ အားပေးနေစဉ် (ဓာတ်ပုံ- National League for Democracy Facebook)
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက် သကဲ့သို့နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်သည်။ (Xinhua)