Connect with us

Social

သောက်သုံးရေ လိုအပ်ပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနသို့ ဆက်သွယ် အကူအညီ တောင်းနိုင်

ကျေးလက်ဒေသရှိ ရေတုံကင်များ၌ လွန်ခဲ့သည့် နွေရာသီတွင် ရေရရှိရန် တန်းစီ၍ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

သောက်သုံးရေ လိုအပ်လျက်ရှိသော ဒေသများရှိ ပြည်သူများ အနေဖြင့် မိမိတို့၏ လိုအပ်ချက်များအား ဆက်သွယ် အကြောင်းကြားရန် နှင့် ဝန်ကြီးဌာန အနေဖြင့် လိုအပ်မှုအလိုက် ဦးစားပေးအနေဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန အနေဖြင့် သောက်သုံးရေ ပြတ်လုပ်လျက် ရှိသော ဒေသများသို့ သောက်သုံးရေများ လိုက်လံ ပို့ဆောင်ပေးခြင်း၊ ယာယီရေ လှောင်ကန်များ ပြုလုပ်ပေးခြင်း၊ အုတ်ရေလှောင်ကန်များ ပြုလုပ်ပေးခြင်း၊ ရေသန့်စက်များ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရေလိုအပ်သော ဒေသများရှိ ပြည်သူများ အနေဖြင့် ဦးဝင်းထွဋ်ဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဖုန်း-၀၆၇-၄၀၄၀၄၈ ၊ ၀၉၄၃၁၂၀၈၆၃) နှင့် ၊ ဦးဝင်းဇော်ဌေး ဒုတိယ ညွှန်ကြားရေးမှူး (ဖုန်း-၀၆၇-၄၀၄၄၈၆ ၊ ၀၉ ၄၅၁၂၄၅၆၃၇) သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.