Social
သြင်္ကန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ သတိပြုလိုက်နာရမည့် အချက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
သြင်္ကန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ သတိပြုလိုက်နာရမည့် အချက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
သြင်္ကန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ အနေဖြင့် မူးယစ်သောက်စား၍ မောင်းနှင်ခြင်းမပြုရန်၊ အပျော်လွန်ကျူးစည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်းမပြုရန်၊ ယာဉ်နံပါတ်ပြားမပါပဲ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်၏ ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်၍ မောင်းနှင်းခြင်းမပြုရန်၊ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များအား မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြောပြောင်းပြန်စီးနင်းမောင်းနှင်ခြင်းမပြုရန်၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ်များအိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာစီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍ စီးခြင်း၊ ရှေ့/နောက် နံပါတ်ပြားမပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍စီးခြင်း၊ ဆိုင်ကယ်ဦးထုပ်မပါပဲစီးခြင်းများမပြုရန်၊ သံစုံဟွန်းများတပ်ဆင်ကာအသုံးမပြုရန် နှင့် မော်တော်ယာဉ်များ တွင် ညစ်ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲ ၍ မောင်းနှင်ခြင်းမပြုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)