Connect with us

Social

မသန်စွမ်းသူများ အခွင့်အရေး မဟာဗျူဟာ စီမံကိန်း ဒီဇင်ဘာတွင် ပေါ်ထွက်မည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးအောင် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ပေါ်ထွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးအောင်က ယနေ့ ပြောကြားခဲ့သည်။

“မသန်စွမ်းသူများရဲ့ အခွင့်အရေးတို့ကို ပေါင်းစည်းထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်မှု အတွက် သေချာစေမယ့် ကုန်ကျစရိတ် တွက်ချက်ထားသော အမျိုးသား အဆင့် ငါးနှစ်တာ ကာလ လတ် မဟာဗျူဟာ စီမံကိန်း ချမှတ်နိုင်ခြင်းဖြင့် မသန်စွမ်းသူများ အပြည့်အ၀ ပါဝင် ဆောင်ရွက်ခွင့်ကို မြှင့်တင်နိုင်ပြီး ကဏ္ဍအသီးသီးရှိ ကွာဟချက်တွေကို လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုလည်း နေပြည်တော် M Gallery Hotel တွင် ယနေ့ ပြုလုပ်သော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး ဖွင့် ပွဲ အခမ်းအနား၌ ၎င်းက ပြောခဲ့သည်။

ယူနီဆက် (မြန်မာ) ဌာနေကိုယ်စားလှယ် ကိုယ်စား Mr. Samman Thapa အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်။(ဆင်ဟွာ)

ထို မဟာဗျူဟာ စီမံကိန်းတွင် မသန်စွမ်းသူများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူမှု ကာကွယ် စောင့်ရှောက်ရေး၊ သဘာ၀ ဘေးနှင့် အခြား အရေးပေါ် အခြေအနေများ၊ အလွယ်တကူ လက်လှမ်းမီ ရရှိနိုင်ရေး စသည့် နယ်ပယ် ခြောက်ရပ်နှင့် စပ်လျဉ်းပြီး ဝန်ကြီးဌာနများအလိုက် သတ်မှတ်ထားရှိ သော ဦးစားပေး လုပ်ငန်းရပ်များကို အဆိုပါ နယ်ပယ် ခြောက်ရပ်နှင့် ချိတ်ဆက်၍ ခွဲခြား ဖော်ထုတ်ရန်နှင့် ရှင်းလင်း တိကျသည့် သတ်မှတ်ချက်နှင့် လုပ်ငန်း ဆောင်ရွက်မှု အဆင့်များ ပါဝင်သော လုပ်ငန်း စီမံချက်အား ဆွေးနွေးညှိနိုင်းရန်၊ ထိုမဟာဗျူဟာ စီမံကိန်း ရေးဆွဲရာတွင် အဓိက အချက်အလက်များ ရရှိနိုင်ရေးအတွက် အစိုးရဌာန၊ အဖွဲ့အစည်းများ အပါအဝင် ကဏ္ဍစုံနှင့် ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက် အဖွဲ့အစည်းများ အကြား စဉ်ဆက်မပြတ် ညှိနှိုင်း ဆွေးနွေးခြင်းအတွက် ဆောင်ရွက်ရန် ပုံစံနှင့် လိုအပ်ချက်များအား ဆွေးနွေး အတည်ပြုချက် ရယူရန်တို့ကို ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

“နှစ်ရက်တာ ညှိနိုင်း အလုပ်ရုံ ဆွေးနွေးပွဲရဲ့ ရလဒ်တွေကို အခြေခံပြီး လာမယ့် ဧပြီလနဲ့မေလတို့မှာ သုတေသန လုပ်ငန်းတွေ ဆက်လုပ်သွားပါမယ်၊ ဒါ့အပြင် ရလဒ်တွေကို သုတေသနနဲ့ အထောက် အထား အခြေခံပြီးစနစ်ကျတဲ့ ဦးစားပေး ရွေးချယ်မှုတွေ၊ ဘဏ္ဍာငွေ ရေးဆွဲထည့်သွင်းခြင်း စတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့် ချမှတ် ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက် အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ညှိနှိုင်း ဆွေးနွေးမှုများကို ဧပြီ ၂ ရက်မှ ၃ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.