Social
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း မကြာမီအကောင်အထည်ဖော်ဆောင်ရွက်မည်

ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရှမ်း ကလေးကျွန်းတွင် Mandalay Business Capital City Development Co.,Ltd မှ ဒေသခံများအားချပြ၍ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ မှ တာဝန်ရှိသူကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းဘေး တွင် နှစ်စဉ် ရေလွှမ်း မိုးသည့် ရေမြုပ်ကွင်းများ ကာကွယ်ပြီး မြေနုကျွန်းများဖော် ထုတ်နိုင် မည်ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာတွင် ရွာမြေဖြစ်ပါက ယင်း အကျယ်အဝန်း အတိုင်း ဖွံ့ဖြိုးပြီး မြို့ပြမြေများအဖြစ် ပြန်လည်ပေးအပ် မည်ဖြစ်ကြောင်း၊ မူလအဆောက် အအုံအရွယ်အစားအတိုင်း ပိုမို ကောင်းမွန်သည့် အဆောက်အအုံ များအတိုင်း ဆောက်လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဧရိယာအတွင်း လယ်မြေများမပါဝင်ဘဲ ယာမြေ/ ကိုင်းမြေနှင့် ရေမြုပ်မြေများပါဝင် ကြောင်း၊ ယင်းမြေများကို သက်ဆိုင် သည့်ပိုင်ဆိုင်သူများအား မူလ ပိုင်ဆိုင်မှုတန်ဖိုးထက် ပိုမိုသည့် ဖွံ့ဖြိုးပြီးမြို့မြေများကို ရာနှုန်းတစ်ခု နှင့် ပြန်လည်ပေးအပ်သွားမည်ဖြစ် ကြောင်း၊ စီမံကိန်းအချက်အလက် များကို အသေးစိတ်သီးခြားရှင်းလင်း သွားမည်ဖြစ်ပြီး Information Center များ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ကုမ္ပဏီတစ်ခုမှ မြို့ပြစီမံကိန်းအဖြစ် ကနဦးအနေ ဖြင့် ရှမ်းကလေးကျွန်းနှင့် နံကပ်အင်း ကို မြို့ပြစီမံကိန်းအဖြစ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းကလေးကျွန်း မြို့ပြဖွံ့ဖြိုးရေး အတွက် ဧက ၂ဝဝဝ ကျော်ကို ဇုန် တစ်ခုသတ်မှတ်ပြီး အခြေခံ အဆောက်အအုံများ ပါမည့် အပြင် အသက်မွေးဝမ်းကျောင်း သင်တန်း တွေနဲ့ အငှားအိမ်ရာများနှင့် ဆေးရုံ၊ ဟိုတယ်၊ ဈေးဝယ်စင်တာများ ပါဝင် မည်ဟု ဆိုသည်။
ယင်းစီမံကိန်းဆောင်ရွက်ရန် မန္တလေး တိုင်းဒေသကြီးအစိုးရ အဖွဲ့၊မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီနှင့် Mandalay Business Capital City Development Co.,Ltd တို့ မတ် ၁ ရက်က နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)