Connect with us

Social

ရွှေမြေယာ အဆင့်မြင့် အိမ်ယာစီမံကိန်းနှင့် အလုံမြို့နယ် ရွှေဇဗ္ဗူ River Complex အခန်းတချို့အား လေလံတင် ရောင်းချမည်

ရန်ကုန်မြို့တွင်းရှိ လူနေအိမ်ခန်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်သည့် ရွှေမြေယာ အဆင့်မြင့် အိမ်ယာ စီမံကိန်းမှ အခန်းပေါင်း ၅၂ ခန်း နှင့် အလုံမြို့နယ် ရွှေဇဗ္ဗူ River Complex မှ မြေညီထပ်နှင့် ပထမထပ်တို့အား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာ အဆောက်အအုံ ဌာန) မှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူ တည်ဆောက် ခဲ့သည့် အိမ်ယာ စီမံကိန်းများအား ရောင်းချလျက်ရှိရာ ယခုအခန်းများသည် ရောင်းချရန် ကျန်သေးသည့် အခန်းများ ဖြစ်ကြောင်း သိရသည်။ လေလံတင် ရောင်းချရာတွင် အလုံးလိုက်၊ အလွှာလိုက် ရောင်းချမည် ဖြစ်ပြီး လေလံကြမ်းခင်းဈေးအား ယခုအချိန်တွင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ရန်ကင်း၊ အလုံ၊ မရမ်းကုန်းမြို့နယ် ၊ လမ်းမတော် နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့၌ စည်ပင်သာယာရေး ကော်မတီမှ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် အိမ်ယာ စီမံကိန်းများ ရှိပြီး ဆောက်လုပ်ပြီးပါက ရောင်းချသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.