Connect with us

Social

၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရရှိသူများ စာရင်း ထုတ်ပြန်ကြေညာ

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ  ၁၄ ရက် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိ မာန်က ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြိုင်ပွဲ တွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က  ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ဝတ္ထုရှည်ဆု တွင် ပထမဆုကို ကေ(တောင်တန်းပြာ)၏ သစ္စာရင်နှင့်ခြားခဲ့ ရသောမြေ၊ ဒုတိယဆုကို ယွန်းမြတ်မွှန်းသျှန်၏ ရေဆာတဲ့မြစ်၊ တတိယ ဆု ကို မောင်နေခြည်(ပြည်)၏ သူတို့လောက သူတို့ဘ၀ စာမူများက လည်း ကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆု တွင် ပထမဆုကို သုတိဩဘာ (ဆင်ပေါင်ဝဲ)၏ တစ်ဆုပ်ဆန်ကျောင်းအပါအဝင် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို နေစိုးသော် ၏ အဝိဇ္ဇာဝတ္ထုတိုပေါင်းချုပ်၊ တတိယဆုကို ကျိုက်စကောခင်စိုး၏ မငိုပါနဲ့ အမေရယ်နှင့် အခြားဝတ္ထု တိုများက လည်းကောင်း၊ ကဗျာပေါင်းချုပ်ဆု တွင် ပထမဆုကို မောင်ဟန်တင့် (ပင်လည်ဘူး)၏ စိန်စီသောမြစ်နှင့် အခြားကဗျာများ၊ ဒုတိယဆုကို ခက်လှိုင်းကျော်၏ ညဉ့်သုံးယံခါ အလင်္ကာ ကဗျာများ၊ တတိယဆုကို အထဝါစိုး(မန္တလေး)၏ စာပွင့်ဝတ်မှုန်ကဗျာစာမူများက လည်း ကောင်း၊ သုတပဒေသာ(ဝိဇ္ဇာ)ဆု တွင် ဒုတိယဆုကို မေမြန်မာ၏ နာမည်နှင့် မြန်မာ၊ တတိယဆုကို မောင်ခွန်နွယ်(အင်းလေး)၏ တော်ဝင်လက်ဖက် နတ်သစ်ရွက်က လည်းကောင်း၊ သုတပဒေသာ (သိပ္ပံ)ဆု တွင် ပထမဆုကို ကို တူ(သာယာမြိုင်)၏ ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်း အတတ်ပညာ၊ တတိယဆုကို မောင်အောင်(မွေးကု) (စာပေဗိမာန် စာမူဆုရ) ၏ ကျေးလက်စီးပွား တိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက်တိုးချဲ့မွေး စာမူများ က လည်းကောင်း ရရှိကြပြီး စာပဒေသာဆုတွင် ပထမဆုကို ထက်ခိုင်၏ စေတနာလမ်းက လျှောက်ခဲ့ပါ၊ ဒုတိယဆုကို မင်းသျှင်အောင် (တွံတေး)၏ ရာမဇာတ်ထဲက ရေကျော်မောင်မောင်၊ တတိယဆုကို နေအောင်သ ူ(ကနီ)၏ ကနီခရီးသည်၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယ ဆုကို ဇော်လွင်ဦး (ဟင်္သာတ)၏ ထနော့၊ ကလေးစာပေဆုတွင် ပထမဆုကို မောင်လွန်းမြိုင် (ပင်လည်ဘူး)၏ ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေကလေး ကဗျာများ၊ ဒုတိယဆုကို ပုလော စိုးနံ့သာ၏ သားစုဘူးကလေး ကဗျာများ၊ တတိယဆုကို ညွန့်ဝင်း(နတ်တလင်း)၏ တတ်သိ လိမ္မာရင်သွေးရတနာ ကလေးဝတ္ထုတိုများ၊ လူငယ်စာပေဆုတွင် ဒုတိယဆုကို တင်လင်းဇော်၏ အညတရကျွန်တော်၊ တတိယဆုကို နိုက်၏ သမီးနှင့် သားသို့ ပေးစာများ၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို ငွေလမင်း(မကွေး)၏ နေကောင်းပါတယ်၊ တတိယဆုကို မောင်လွယ်အိတ်၏ ခေတ်သစ်ဂေါတမီစာမူများက ရရှိခဲ့ကြောင်း သိရသည်။

 

စာပေဗိမာန်စာမူဆု များကို ပထမဆု ဆယ်သိန်း၊ ဒုတိယဆု ခုနစ်သိန်း၊ တတိယဆု ငါးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိ ပညာရှင်၊ အတတ်ပညာရှင် များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လောက မှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၈ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၄၈ ခုကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူ သော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြ သည်။

အဆိုပါဆုများကို ၂၀၁၉ နိုဝင်ဘာ ၂၇ရက် (ဗုဒ္ဓဟူးနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.