Social
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း လိုင်စင်များကို ယနေ့အထိ လိုင်စင်(၂၀)ခုကို ခွင့်ပြုပေး

ရန်ကုန်၊ ဇန်နဝါရီလ ၁၂ ရက် (ဆင်ဟွာ)
ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း လိုင်စင်များကို ခွင့်ပြုပေးလျက်ရှိရာ (၁၂.၁.၂၀၁၆) ရက်နေ့အထိ လိုင်စင်(၂၀)ခုကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ထပ်မံတင်ပြလာသော ကုမ္ပဏီများကိုလည်း စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှသတင်းထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း ဆောင်ရွက်သော ခရီးသွားကုမ္ပဏီ များ အနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်လိုအပ်ပြီး လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်စဉ် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တည်ဆဲ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေနှင့်အညီ အရေးယူခံရနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာ ရေး ဥပဒေ၊ မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့် လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း (၃၀.၁၀.၂၀၁၅) ရက်နေ့ တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တဆင့် ခရီးသွားလုပ် ငန်းရှင်များသို့ အသိပေးခဲ့ကြောင်း သိရသည်။ (Xinhua)