Connect with us

Social

လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းမှ နေ့စဉ် ရေဂါလန် သန်း၄၀ခန့် ဖြန့်ဝေမည်

လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂) လမ်းမကြီး နှင့် မြို့ပတ်လမ်းဆုံရှိ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ် ရေဂါလန် သန်း၄၀ခန့် ဖြန့်ဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်များ၊ ယုဇန ဥယျာဉ်မြို့တော်၊ စက်မှုဇုန်များအပါအဝင် သာကေတ၊ ဒေါပုံမြို့နယ်များနှင့် သီလဝါအ ထူးစီးပွားရေး ဇုန်များသို့ နေ့စဉ် ရေဂါလန် သန်း ၄ဝ ဖြန့်ဝေသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။

အဆိုပါ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို၂ဝ၁၃ ခုနှစ် မေလ ၄ ရက်က စတင် တည်ဆောက်ခဲ့ပြီး လက်ရှိ ၉၃ ရာခိုင်နှုန်းပြီးစီးလျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက လဂွန်းပြင်ဆည်မှ ရေသွယ်ယူမှု၊ ရေတံခါး၊ အကြိုအနည်ထိုင်ကန်၊ အနည်ထိုင်ကန်၊ ရေသန့်စင်စက်ရုံ နှင့် ရေသန့်စင်ကန်များ၊ ရေတွန်းစက်ရုံ၊ သဲရေစစ်ကန်၊ ရေပိုက်သွယ်ခြင်း၊ ရေယူအဆောက်အအုံနှင့် လျှပ်စစ်သွယ် တန်းခြင်းစသည့် အဆောက်အအုံပိုင်းဆိုင်ရာကို တာဝန်ယူ တည်ဆောက်လျက်ရှိသည်။

စက်မှုပိုင်းဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်း နှင့် ရေဖြန့်ဝေမှု အပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.