ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ပြည်တွင်း ရွှေ့ပြောင်း သွားလာခြင်းသည် ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြု နေပြီး ရန်ကုန်တိုင်းဒေသကြီးသို့ လွန်ခဲ့သည့်(၅)နှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုသည် ဧရာဝတီ တိုင်းဒေသကြီးမှ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော ရွှေ့ပြောင်းသွားလာ ခြင်းနှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ပြည်တွင်းမှ အသေးစားနှင့် လက်လုပ်လက်စားသတ္တုတူးဖော်သူများသည် ပြုပြင်ရေးဆွဲထားသောသတ္တုတူးဖော် ရေးဥပဒေသစ်အရ ပြည်ထောင်စုအစိုးရထံတွင် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရန် မလိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ကားချစ်သူများ စုစည်းထားသည့် ရှေးဟောင်း ဂန္ထဝင် ကားပြပွဲကို ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြသ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းကား ချစ်သူများ...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ပုပ္ပားတောင် ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူ မူများကို ၂၀၁၇ ဇန်နဝါရီလ ပထမအပတ်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ဒေသခံကျေးရွာ...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ တရုတ်တန်း၌ တရုတ်နှစ်သစ်ကူးပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှု အထင်ကရနေရာဖြစ်သည့် တနသာၤရီ တိုင်းဒေသကြီး ၊ မြိတ်ကျွန်းစု ဒေသကို အာဆီယံခရီးသွားပြပွဲ-၂၀၁၇ ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ၃ ခန်း ပါဝင် ပြသရာတွင် အထူးမြှင့်တင်လျက် ပါဝင်ပြသမည် ဖြစ်ကြောင်း ဟိုတယ် နှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများ စာရင်းအားလုံး ကောက်ယူပြီးပါက အခွင့်အရေးပေးမည့် ကျူးကျော်များနှင့် အရေးယူရမည့် ကျူးကျော်များဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ တည်ထောင်ခြင်း (၁၅) နှစ်ပြည့် နှင့် ကွန်ဖြူးရှပ် စာသင်ကျောင်း ဖွင့်လှစ်ခြင်း (၃) နှစ်ပြည့် အခမ်းအနား ကို ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ လှိုင်မင်္ဂလာ ခန်းမ...
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အပတ်စဉ် စနေ-တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် ရောင်းချမည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား အနော်ရထာလမ်း နှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်၌ ယနေ့ဇန်နဝါရီ ၇ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း...
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ပန်းခင်းပွဲတော်(၂၀၁၇)အား ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်မြို့ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်၌ ယနေ့ဇန်နဝါရီ ၇ ရက်မှ စတင်၍ ၁၃ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။