Sport
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဘာရိန်းနိုင်ငံ လက်ရွေးစင်ဘောအသင်း တို့ ခြေစမ်းပွဲကစားမည်

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဘာရိန်းနိုင်ငံ လက်ရွေးစင်ဘောအသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ရက် မြန်မာစံတော်ချိန် ည ၁၀း၄၅ နာရီ တွင် ဘာရိန်း အမျိုးသားအားကစားကွင်း တွင် ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အောက်တိုဘာလ ၁၄ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘာရိန်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ဘာရိန်းအသင်းနှင့် ခြေစမ်းကစားပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းသည် ကာတာနိုင်ငံသို့ ထွက်ခွာကာ စခန်းသွင်းလေ့ကျင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)